1. Home
  2. Myanmar News

မန္တလေးမြို့ပေါ် ဓားကိုင်ရမ်းကားနေသူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်း

Myanmar News ก.ย. 12, 2560 view 1,483

စက်တင်ဘာလ ၁၁ ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် မန္တလေးမြို့ မနော်ဟရီ ၅၉ လမ်းထောင့်တွင် လူတစ်ဦး ဓါးကိုင်ကာ လမ်းသွားလမ်းလာများကို ဓားဖြင့်လိုက်လံထိုးခဲ့ပြီး ရဲတပ်ဖွဲ့များ ရောက်ရှိလာကာ ဖမ်းဆီးထိမ်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။


ဓါးကိုင်ရမ်းကာသူမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ကိုကျော်ကိုကို ဖြစ်ပြီး ကားအရောင်းအဝယ် လုပ်သူတဦးဖြစ်ပြီး လမ်းသွားလမ်းလာများကို ဓါးဖြင့် ရမ်းကားနေစဉ် လုံခြုံရေးကင်းလှည့်တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


ကျူးလွန်သူကို အများပြည်သူသွားလာနေသည့် လမ်းပေါ်တွင် လမ်းသွား၊ လမ်းလာပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ အထိတ်တလန့်ဖြစ်စေခြင်းနှင့် ကြောက်ရွံ့စေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းတို့ကြောင့် အောင်ပင်လယ် ရဲစခန်းတွင် ပုဒ်မ ၁၉ (င) အမှုဖွင့်ထားကြောင်း သိရှိရသည်။

သတင်းရင်းမြစ် - ဆူးသစ္စာ

 



Follow us on