1. Home
  2. Football

အသင်းကြီးအများစု နိုင်ပွဲရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်(၄)

Football ก.ย. 12, 2560 view 1,498

ပရီးမီးယားလိဂ်ပွဲစဉ်(၄)ဟာ မန်စီးတီးနဲ့ လီဗာပူးလ်တို့ထိပ်တိုက်တွေ့ဆုံတာအပါအ၀င် ပွဲကောင်းတွေ များခဲ့ပြီး လီဗာပူးလ်နဲ့ မန်ယူတို့က လွဲရင်အသင်းကြီးအများစုနိုင်ပွဲရခဲ့ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ လီဗာပူးလ်မှ မာနေး ပထမပိုင်းမှာပဲ ထုတ်ပယ်ခံရတာအပါအ၀င် မန်စီးတီးအသင်းက (၅)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ်။ ` လီဗာပူးလ်အသင်းဟာ ပွဲစဉ်(၃)မှာ အာဆင်နယ်ကို (၄)ဂိုး ပြတ်အနိုင်ရရှိခဲ့တာကြောင့် ပုံစံကောင်းရပြီလို့ထင်မှတ်ခဲ့ကြပေမယ့် မန်စီးတီးနဲ့ပွဲစဉ်မှာ တစ်ယောက်အထုတ်ခံ ရတာအပါအ၀င်(၅)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးက ယခုနိုင်ပွဲကြောင့် ရမှတ်(၁၀)မှတ်နဲ့အဆင့်(၂)နေရာထိ တက်ရောက်ခဲ့ပါတယ်။ လက်စတာနဲ့ ချယ်ဆီးတို့ပွဲစဉ်မှာ ချယ်ဆီးအသင်းက (၂)ဂိုး၊(၁)ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ တိုက်စစ်မှူးမိုရာတာက တစ်ဂိုးသွင်းယူခဲ့တာအပါအ၀င် ကန်တေ က အသင်းဟောင်းဘက်ကို ဂိုးတစ်ဂိုးသွင်း ယူခဲ့ပြီး ချယ်ဆီးအသင်းအတွက် (၃)ပွဲမြောက်နိုင်ပွဲရရှိစေခဲ့ပါတယ်။ ပွဲစဉ်(၂)နဲ့ပွဲစဉ်(၃)မှာ ရလဒ်ဆိုးခဲ့တဲ့ စပါးအသင်းကလည်း တိုက်စစ်မှူးဟာရီကိန်းရဲ့ ဂိုးပေါက်တွေ့မှုနဲ့အတူ အဲဗာတန်အသင်းကို အဝေးကွင်းမှာ (၃)ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဟာရီကိန်းဟာ ရာသီအစပွဲစဉ်(၃)ဆက် ဂိုးပေါက်ပျောက်ခဲ့ပြီး အဲဗာတန်အသင်း နဲ့ပွဲစဉ်မှာ (၂)ဂိုးထိသွင်းယူခဲ့ပါတယ်။

ပွဲစဉ်(၃)မှာ လီဗာပူးလ်အသင်းကို(၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အ သင်းက ပွဲစဉ်(၄)မှာ ဘုန်းမောက်အသင်းကို (၃)ဂိုးပြတ်အနိုင်ရရှိပြီး နိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။ ရာသီအစက (၃)ပွဲဆက်အနိုင်ရခဲ့တဲ့ မန်ယူအသင်းက စတုတ်စီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက်ကစားရာမှာ နိုင်ပွဲရယူနိုင်ခြင်းမရှိခဲ့ပဲ (၂)ဂိုးစီသရေသာကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းဟာ ရမှတ်(၁၀)မှတ်နဲ့ အဆင့်(၁)နေရာမှာရပ်တည်နေဆဲဖြစ်ပါတယ်။



Follow us on