1. Home
  2. Movie Stars - Celebrity

ရုပ်ရှင်နဲ့ အနာဂတ်က အပေါင်းလက္ခဏ ကိုပြနေပါတယ်ဆိုတဲ့ လူမင်း

Movie Stars - Celebrity ก.ย. 12, 2560 view 2,084

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ဥက္ကဋ္ဌ အဖြစ်  ၂ ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့တဲ့ သရုပ်ဆောင်လူမင်းဟာ နောက်ထပ်တက်လာမယ့် အမှုဆောင်သစ် လက်ထက်ရောက်ရင်  ဥက္ကဋ္ဌ တာဝန်ကနေ အနားယူတော့မှာလဲ ဖြစ်ပါတယ် ။

“အနုပညာဆိုတာ စိတ်ခဲကျောက်ခဲလို အကဲခတ်ရ ခက်ပါတယ်။ တစ်ပတ်ဆယ်ရက်နဲ့ ပြီးလို့ အဲ့ဒိဇာတ်ကားမကောင်းဘူးလို့ ပြောမယ်ဆိုလည်း ပြောလို့ ရသလို ၊ ပြောလို့ မရတဲ့ အနေအထားလဲရှိပါတယ် ။အနုပညာ စံမှုန်းဆိုတာက မြန်တိုင်လည်း မကောင်းတာ မဟုတ်သလို ကြာတိုင်းလဲကောင်းတာမဟုတ်ပါဘူးဆိုတဲ့ သဘောတရားလေးတွေ ရှိပါတယ် ။ရုပ်ရှင်နဲ့ အနာဂတ်က အတတ်လက္ခဏာ ၊ အပေါင်း လက္ခဏာကိုပြနေပါတယ် ။ အခုလည်း ဘယ်လိုပဲ ပြောနေစေကာမူ အကိုတို့ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်တော့ မြန်မာတစ်ပြည်လုံးမှာ ပိတ်ကားပေါင်း ၂၀ ကျော် ၃၀ လောက်ကနေ အခုပိတ်ကားပေါင်း ၁၀၀ ကျော်ဖြစ်လာပြီ ။ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှုတွေက ဟိုးအရင်တုန်းက တစ်နှစ်လုံးနေမှ ၁၅ ကားလောက်ရိုက်ကူးတာကနေ အခု ၁၅၀ လောက်ရိုက်နိုင်တဲ့ အနေအထားထိရှိလာပြီ ဆိုတော့ ဒါကအပေါင်း လက္ခဏာ ဆောင်တဲ့ တိုးတက်မှုတွေပဲ” လို့ပြောသွားခဲ့ပါတယ် ။

ဆရာကြီး မင်းသိင်္ခ ရဲ့ ဝတ္ထု ဖြစ်တဲ့ မိုးနဲ့မြေ ကို ရုပ်ရှင်မဖြစ် ၂၀၁၈ မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး စဖြစ်ရင်တော့ ၂ ကား ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်ဖို့ များပါတယ် ။ ဇာတ်ညွှန်းပိုင်းဆိုင်ရာတွေကို ၂ ကားစလုံးအတွက် ပြင်ဆင်နေပါတယ် ။ ပါဝင်မယ့် သရုပ်ဆောင်တွေအတွက်ကတော့ တစ်ကားကတော့ ပြောလို့ ရပါပြီ ။ တစ်ကားကတော့ ပြေတီဦး အတူတူ သရုပ်ဆောင်ဖြစ်မယ် ။ ဆရာကြီး မင်းသိင်္ခ ရဲ့ဇာတ်အတွက်ကတော့ ဇာတ်ကောင် က မသေချာသေးဘူး ။ လုပ်ပိုင်ခွင့်ရှိသလောက် ဘောင်ထဲကနေ ကုန်ကျစရိတ်ကို နည်းသထက်နည်းအောင်ချုံ့ရိုက်တာမျိုးမဟုတ်ဘဲ ကုန်သင့်ကုန်ထိုက်တာမျိုးကိုတော့ သုံးနိုင်တဲဘောင်ထဲကနေ အကောင်းဆုံးကြိုးစားရိုက်ကူးသွားမှာပါ ။

credit:popular



Follow us on