1. Home
  2. Good Morning Myanmar

ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်နိုင်ဟု ရွှေလုပ်ငန်းရှင်အချို့ခန့်မှန်း

Good Morning Myanmar ก.ย. 12, 2560 view 1,407

ဇူလိုင်လ လကုန်ပိုင်းကစတင်လို့ ရွှေဈေးမှာ(၁)ကျပ်သားကို ငွေကျပ်(၉)သိန်းနီးပါးဖြစ်လာတဲ့ ပြည်တွင်းရွှေဈေးဟာ စက်တင်ဘာလ(၈)ရက်နေ့မှ ငွေကျပ်(၉)သိန်း(၅)သောင်းနှစ်ထောင့် ငါးရာ ရှိပြီး လက်ရှိရွှေဈေးထက်ဆက်လက်မြင့်တက်နိုင်တယ်လို့ ရွှေလုပ်ငန်းရှင်များမှ ခန့်မှန်းထားပါတယ်။ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဇွန်လက စတင်ပြီးတဖြည်းဖြည်းမြင့်တက် လာတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ(၈)ရက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ်(၉)သိန်း (၈)ထောင်အထိမြင့်တက်ခဲ့ပြီး စက်တင်ဘာလ(၈)ရက်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် (၉)သိန်း(၅)သောင်းကျော် အထိစံချိန်တင်မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ယခုလိုရွှေဈေး မြင့်တက်တာဟာ ကမ္ဘာ့ရွှေဈေးတွေမြင့်တက်လာလို့ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာတာ ဖြစ်တာဖြစ်ပြီး ယခုထက်ပိုပြီးပြည်တွင်းရွှေဈေးမှာ ဆက်လက်မြင့်တက်နိုင်တယ်လို့လည်းသိရပါ တယ်။ရန်ကုန်ရွှေဈေးကွက်မှာတော့ လက်ဝတ်ရတနာရွှေဖြစ်တဲ့ (၁၅)ပဲရည်တစ်ကျပ်သား ကို ငွေကျပ်(၈)သိန်း(၉)သောင်း(၈)ထောင်နဲ့ ဈေးဖွင့်ရောင်းချနေတယ်လို့သိရပါတယ်။

ရွှေဈေးစတင် မြင့်တက်ခဲ့တဲ့ ဇွန်လကစလို့ ယခုအချိန်ထိ အရောင်းအ၀ယ်တွေ ဆက်တိုက်ပါးနေပြီး ရွှေဝယ်ယူသူ တွေကလည်း လက်ရှိမှာနည်းပါးနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ် ပြည်တွင်းရွှေဈေးစံချိန်တင်မြင့်တက်မှုမှာ ငွေကျပ်(၉)သိန်းနီးပါး အထိ မြင့်တက်ခဲ့ဖူးပြီး (၂၀၁၇)ခုနှစ်မှာတော့ ယခုရွှေဈေးမြင့်တက်မှုဟာ စံချိန်တင်မြင့်တက်မှု ဖြစ်တယ်လို့ သိရပါတယ်။ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ကလည်း ပြည်တွင်းရွှေဈေးကိုတည်ငြိမ်မှုရှိစေလို တယ်လို့သိရပါတယ်။



Follow us on