မကြာသေးခင်က ချစ်သူ မွေးနေ့မှာ မြန်မာဝတ်စုံ နဲ့ ဘုရားသွားဖူးခဲ့ခြင်း အပေါ် ချီးမွန်းသူတွေ ရှိသလို ဝေဖန်သူတွေလဲ ရှိခဲ့ ပါတယ် “တမင်လုပ်တာလည်း မဟုတ်ပါဘူး သူ့ဘက်က တောင်းဆိုလို့ မြန်မာလိုဝတ်ပြီးဘုရားသွားချင်တယ် ဆိုလို့ ကိုယ်လဲလိုက်သွားဖြစ်တာပါ ။ကိုယ့်ကိုချစ်တဲ့ ပရိတ်သတ်က ဓါတ်ပုံဆရာဆိုတော့ အဲ့မှာ ဓါတ်ပုံတွေရိုက်ပေးတာပါ” ။
အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သတ်ပြီး ရှာရှာက “သိတဲ့သူတွေကလည်း အခုရှင်းရှင်းလင်းလင်းသိသွားကြပါပြီ ။ ပျံ့ပျံ့ခြင်းမသိခဲ့ဘူး တစ်ပတ်လောက်နေမှ ပရိတ်သတ် တွေက သိပြီးလာပြောပြကြတယ် ။ အစကတော့ ဒီတိုင်းနေနေလိုက်တယ် နောက်ပိုင်းပိုပိုဆိုးလာတယ် link ပေးမယ်တွေပါ ဖြစ်လာကြတယ် ။
ညီမ လုံးဝမဟုတ်ဘူးဆိုတာ ကိုယ့်လိပ်ပြာကိုယ် လုံတယ် ။ရည်းစားရသွားပြီဆိုတာနဲ့ ချက်ချင်းယုတ်မာကြတာ ။ public အကောင့်ထဲဝင်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေရေးတယ် ယောက်င်္ကျားလေးတွေ အုပ်စုလိုက်ရေးကြတာ ။ ယောက်င်္ကျားတန်မယ့် မိန်းကလေးတစ်ယောက်ကို ပြောတာ လုံးဝမဖြစ်သင့်ဘူး ။ ဒါကဖြေရှင်းဖို့ အချိန်တန်ပြီလို့ ထင်လို့ဖြေရှင်းလိုက်တာ ။ ညီမ သီးခံတာလဲ ကြာပြီ အဲ့ဒိဗီဒီယိုထဲက ကောင်မလေးရဲ့ Instagram ကို ပရိတ်သတ်တွေကို link ပေးပြီးတင်လိုက်တော့မှ ညီမ မဟုတ်တာ ယုံကြတယ် ။ မျက်နှာက ဖြစ်ချင်တော့ ညီမ နဲ့တော်တော်တူတယ် ။နောက်တခု က ပရိတ်သတ်တွေ ယုံအောင် မြန်မာသီချင်းနောက်ခံထားထားတယ်။
တချို့ကျတော့လည်း ဒီလောက်ရှင်းပြနေတာတောင် ဟုတ်ပါတယ် ဆိုပြီးလာစော်ကားတာတွေ ရှိသေးတယ် ။အဲ့ဒိ အတွက်စိတ်လဲမကောင်းသလို အများကြီးနစ်နာရသလို ဂုဏ်သိက္ခာလဲ ကျဆင်းစေပါတယ်” လို့ ပြောသွားခဲ့ ပါတယ် ။
ချစ်သူနဲ့ ၅နှစ် ကွာပေမယ့် အလုပ်ကိစ္စတွေကိုတော့ ၀င်ရောက်စွက်ဖက်ခြင်းလုံးဝမရှိပါဘူး သ၀န်ကတော့ အရမ်းတိုတယ် ။နားလည်မှုပေးပြီး ချုပ်ချယ်တာတွေတော့ မရှိပါဘူး ။ မင်္ဂလာသတင်းကတော့ အဝေးကြီးလိုပါသေးတယ်လို့ ပြောသွားခဲ့ ပါတယ် ။
credit:popular