1. Home
  2. Football

ပခုံးဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိတဲ့ တွမ်ဟီတန်

Football ก.ย. 13, 2560 view 1,499

ဘန်လေဂိုးသမား တွမ်ဟီတန်ဟာ ခရစ္စတယ်ပဲလေ့အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ပခုံးဒဏ်ရာရရှိခဲ့ ပြီးအတန်ကြာ အနားယူရဖွယ်ရှိနေပါတယ်။တွမ်ဟီတန်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ပွဲစဉ်မှာ ပခုံးအဆစ်လွဲဒဏ်ရာ ရရှိခဲ့ပါတယ်။ တွမ်ဟီတန်ဟာ ဒဏ်ရာပြဿနာပြင်းထန်တာ ကြောင့် ပွဲကစားချိန်(၃၆)မိနစ်မှာ အရန်ဂိုးသမားဖြစ်တဲ့နစ်ခ်ပိုပီနဲ့လူစားလဲခဲ့ရပါတယ်။ တွမ်ဟီ တန်ဟာ ဘောလုံးကိုဖမ်းယူဖို့ကြိုးစားရင်း အသင်းဖော်ဘန်မီးနဲ့တိုက်မိပြီး မြေပေါ်ပြန်အကျမှာ အဆိုပါပခုံးအ ဆစ်လွဲဒဏ်ရာကို ရရှိခဲ့တာဖြစ်ပါတယ်။

ဘန်လေအသင်း နည်းပြရှောင်ဒိုက်ကလည်း ဂိုးသမားတွမ်ဟီတန်ရဲ့ ဒဏ်ရာဟာ ပြင်းထန်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး လအတန်ကြာ ကာလရှည်အနားယူရဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဘန်လေအသင်းဟာ အဆိုပါပွဲစဉ်မှာ ခရစ်ဝုဒ်ရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရရှိ ခဲ့ပြီးတွမ်ဟီတန်နေရာမှာ လူစားလဲဝင်ရောက်ကစားခဲ့တဲ့ ဂိုးသမား နစ်ခ်ပိုပီကလည်းအသင်းအတွက် ပထမဦးဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ပွဲမှာပဲ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂိုးကန်သွင်းခွင့်(၂၂)ကြိမ်အထိရရှိခဲ့ ပေမယ့် ဘန်လေဂိုးသမားနှစ်ဦးဖြစ်တဲ့တွမ်ဟီတန်နဲ့နစ်ခ်ပိုပီတို့ကို ကျော်လွန်နိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဘန်လေဟာအဆိုပါအိမ်ကွင်းနိုင်ပွဲကြောင့် နှစ်ပွဲမြောက်နိုင်ပွဲကိုရရှိခဲ့ပြီး ရမှတ် (၇) မှတ်နဲ့အမှတ်ပေးဇယား အဆင့်(၇)နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။



Follow us on