1. Home
  2. Movie Stars - Celebrity

လူမျိုးခြားကို ဘာကြောင့်ချစ်သူအဖြစ်ရွေးခဲ့တယ်ဆိုတာ ပက်ထရစ်ရှာပြောပြီ

Movie Stars - Celebrity ก.ย. 13, 2560 view 1,857

နိုင်ငံခြားသားတစ်ဦးကို ချစ်သူဖြစ်နေခဲ့တဲ့ ပက်ထရစ်ရှာကို ပရိသတ်အချို့က ဝေဖန်မှုတွေရှိနေပြီး ဒီကိစ္စနဲ့ ပက်သက်လို့ လူမျိုးခြားကို ဘာကြောင့်ချစ်သူအဖြစ် လက်ခံခဲ့တာလဲဆိုတဲ့အကြောင်း ပရိသတ်တွေကို ဖြေရှင်းပြောကြားခဲ့ပါတယ်။

လူမျိုးခြားဆိုပေမယ့် သူမရဲ့ မိသားစုနဲ့ ဘာသာရေးအပေါ်မှာ လေးစားပြီး ခွဲခြားမဆက်ဆံခြင်း လုံးဝမရှိတဲ့အတွက် သူ့ကို ချစ်သူအဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လူတစ်ယောက်အား အမြင်ဖြင့်ဆုံးဖြတ်၍ မရနိုင်ကြောင်း၊ သူမအနေဖြင့် အပြန်အလှန်မေတ္တာရှိပြီး နားလည်မှု၊ စာနာမှု၊ လေးစားမှု အပြန်အလှန်ထားရှိခြင်းဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဘာသာရေးနဲ့ ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတတ်တဲ့သူ ဖြစ်တာကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးရန် ပြင်ဆင်နေပြီး အဆိုပါဇာတ်ကားတွင် သူနာပြုဆရာမလေးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းကိုးကား - မြန်မာ့အလင်း
 



Follow us on