1. Home
  2. Special or Others

US Open တွင်(၃)ကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့သည့် ရာဖေးလ်နာဒယ်

Special or Others ก.ย. 13, 2560 view 1,662

ဂရမ်းစလန်းပြိုင်ပွဲတွေထဲမှာနှစ်တစ်နှစ်ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ US Open ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁) ကစားသမားရာဖေးလ်နာဒယ်က ဗိုလ်စွဲနိုင်ခဲ့ပြီး US Open မှာ(၃)ကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ယခုနှစ် US Open ပြိုင်ပွဲမှာ နာမည်ကျော်ကစားသမားတွေထဲမှာ ဂျိုကိုဗစ်နဲ့ အန်ဒီမာရေးတို့ဒဏ်ရာ ကြောင့် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပဲ ရာဖေးလ်နာဒယ်နဲ့ ရော်ဂျာဖက်ဒါးရားတို့သာ ပါဝင်ခဲ့ပါတယ်။ နိုင်ခြေ အဆင့်(၁)သတ်မှတ်ခံထားရတဲ့ ရာဖေးနာဒယ်ဟာပြိုင်ပွဲတလျောက်နာမည်ကျော်ကစားသမားတွေကို ရှောင်လွဲ နိုင်ခဲ့ပြီး ဆီးမီးဖိုင်နယ်မှာ နိုင်ခြေအဆင့်(၂၄)သတ်မှတ်ခံထားရတဲ့ အာဂျင်တီးနားမှ ဒဲပိုထရိုကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ နိုင်ခြေအဆင့်(၂၈)သတ်မှတ်ခံထားရတဲ့ တောင်အာဖရိကမှ ကီဗင်အန်ဒါဆန်ကို ၆ - ၃ ၊ ၆ - ၃ ၊ ၆ - ၄ နဲ့(၃)ပွဲပြတ်အနိုင်ရကာဗိုလ်စွဲနိုင်ခဲ့ပါတယ်။ရာဖေးလ်နာဒယ်ဟာ US Open မှာ(၂၀၁၀)ခုနှစ်နဲ့ (၂၀၁၃)ခုနှစ်တို့မှာလည်း ဗိုလ်စွဲခဲ့သူဖြစ်ပြီး ယခုနှစ်ဗိုလ်စွဲမှုဟာ (၃)ကြိမြောက်ဖြစ်ပါတယ်။

ဒါ့အပြင် (၂၀၁၅)ခု နှစ်နဲ့ (၂၀၁၆)ခုနှစ်တို့မှာ ဒဏ်ရာတွေနဲ့ရုန်းကန်နေရမှုကို ယခုနှစ်မှာ ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး ဂရမ်းစလန်း အောင်မြင်မှု(၂)ခုထိရယူနိုင်ခဲ့ပါတယ်။ နှစ်အစ သြစတြေးလျအိုးပင်းမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့သလို ပြင်သစ် အိုးပင်းနဲ့ လက်ရှိ US Open မှာလည်းဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဂရမ်းစလန်းအောင်မြင်မှုအများဆုံးရတဲ့ ကစားသမားစာရင်းမှာလည်း ရာဖေးလ်နာဒယ်က (၁၆)ကြိမ်နဲ့အတူ (၁၉)ကြိမ်ရရှိထားတဲ့ ရော်ဂျာဖက်ဒါးရားရဲ့ နောက် ဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။



Follow us on