1. Home
  2. Special or Others

ရှေးဟောင်းဘုရားကျောင်းတွင်း ကိုယ်လုံးတီးဓာတ်ပုံရိုက်ခဲ့လို့ ရိုက်နှက်ဖမ်းဆီးခံရ တဲ့ မော်ဒယ်

Special or Others ก.ย. 13, 2560 view 1,702

ဘယ်လ်ဂျီယံနိုင်ငံသူ မော်ဒယ် တဦးဟာ ရှေးဟောင်း အီဂျစ်ဘုရားကျောင်းတခုတွင်းမှာ ကိုယ်လုံးတီးဓာတ်ပုံ ရိုက်ခဲ့တဲ့အတွက် ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရပါတယ်။

Marisa Papen ဟာ သြစတြေးလျ ဓာတ်ပုံဆရာတဦးဖြစ်တဲ့ Jesse Walker နဲ့အတူ ရှေးဟောင်းဘုရားကျောင်း တခုဖြစ်တဲ့ ( Luxor) မြို့တွင်းမှ ဘုရားကျောင်းထဲကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် မတောင်းခံဘဲ ဝင်ရောက်ခဲ့ပြီး ကိုယ်လုံးတီးဓာတ်ပုံ အရိုက်ခံခဲ့တာပါ။

Papenဟာသူ့ကိုယ်သူလွတ်လပ်တဲ့စိတ်ဝိညာဉ်နဲ့သဘာဝအရိုင်းဆန်ဆန် ဖော်ထုတ်ပြသသူ အနုပညာရှင်တဦးအဖြစ် ဖော်ပြခဲ့ကာ နိုင်ငံပေါင်း ၅၀ လောက်မှာ ခုလို ကိုယ်လုံးတီးအနုပညာဖန်တီးမှု ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါသေးတယ် ။

Papen က  “သူတို့ကို ဒါဟာ အမြင့်မားဆုံး အနုပညာပြချက်တခုအဖြစ် လုပ်ဆောင်တာဖြစ်တယ်လို့ ရှင်းပြဖို့ကျမတို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကအနုပညာနဲ့ ကိုယ်လုံးတီးဖြစ်တည်မှု ဆက်နွယ်တာကို မမြင်ဘူးရှင့်။ သူတို့မျက်လုံးထဲမှာတော့ ဒါဟာ ညစ်ညမ်းမှုတခု၊ဒါမှမဟုတ် တခုခုပေါ့ရှင်” လို့ ပြောထားပါတယ် ။

လုံခြုံရေးတင်းကျပ်တဲ့ကြားက ခုလို ဓာတ်ပုံရိုက်ကူးဖို့ ကြိုးစားခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ  ကင်းလှည့်အစောင့်တွေက ဖမ်းမိပြီး  ရဲစခန်းကိုရိုက်နှက် ခေါ်ဆောင်သွားခံခဲ့ရပါတယ်။

 ရဲတွေကိုအလင်းအမှောင်စမ်းသပ်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ ပြီ့း  ရဲတွေက  ကင်မရာထဲကို  စစ်ဆေးချိန်မှာ ဘာတခုမှ မတွေ့ခဲ့ကြပါဘူး။ တာဝန်ရှိသူတွေက ခုလို ရှေးဟောင်းနယ်မြေတွင်းမှာ ရှက်စရာကောင်းတဲ့အပြုအမူမျိုးမလုပ်ဖို့ သတိပေးခဲ့ပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ် ။

သူတို့ဟာ ဟိုတယ်ပြန်ရောက်တာနဲ့  ရိုက်ကူးပြီး ဖျက်ခဲ့တဲ့ပုံတွေကို အဆင့်မြင့်ဆော့ဖ်ဝဲတမျိုး အသုံးပြုပြီး ပြန်လည်ရယူနိုင်ခဲ့ပါတယ် ။

နောက်ဆုံးမှာ Marisa Papen ရဲ့ အီဂျစ် ကိုယ်လုံးတီး အနုပညာပြကွက်တွေကို ပြသခွင့်ရခဲ့ပြီလို့လဲ သိရပါတယ် ။

 

credit:lwin pyin



Follow us on