1. Home
  2. Good Morning Myanmar

ရခိုင်ပြည်နယ်အတွင်းရှိလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ပို့ဆောင်

Good Morning Myanmar ก.ย. 13, 2560 view 1,426

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ထောက်ပံ့ပစ္စည်းများကို စစ်တွေလေဆိပ်သို့ ဆက်လက်ပို့ဆောင် ပေးလျက်ရှိသည်။ ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ငါးပိ ၃၀ ထုပ်ပါ ကိုးဖာ၊ ငါးခြောက်၅၁ ထုပ်ပါ ၈၆ ဖာ၊ ပစ္စည်းအမယ်စုံအထုပ်၈၀၊ အာလူး နှစ်အိတ်၊ ငရုတ်သီး ၁၇ အိတ်နှင့် ရွှေကျီးမုန့်ကြွပ် ၁၀ ဖာတို့ကို တပ်မ တော်လေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ စစ်တွေလေဆိပ်သို့ပို့ဆောင်ပေးရာ အဆိုပါ လေယာဉ်သည် စစ်တွေလေဆိပ်သို့မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

ထို့အတူ နေရပ်စွန့်ခွာရွှေ့ပြောင်းရောက်ရှိနေသည့် တိုင်းရင်းသားပြည်သူများလက်ဝယ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာအသီးသီး၌လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိရာ စုစုပေါင်းဒေသခံ တိုင်းရင်းသားပြည်သူ ၁၀၅၂ ဦးတို့ကို တပ်မတော်မှရဟတ်ယာဉ်၊ မော်တော်ယာဉ်များဖြင့် ထောက်ပံ့ပစ်္စည်းများလိုက်လံပေးအပ်ခဲ့သည်။ အလားတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသော ထောက်ပံ့ပစ္စည်းများအား တပ်မတော် ရဟတ်ယာဉ်ဖြင့် ဗန္ဓုလကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပို့ဆောင်ပေးခဲ့ပြီး ကိုယ်ဝန်သည် မိခင်နှစ်ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအား တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးရာ မောင်တောမြို့၊ လောင်းဒုံ ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၇၆ ဦး၊ မောင်တော(၃)မိုင်ပရဟိတကျောင်းရှိ ဒေသခံ တိုင်းရင်းသားပြည်သူ ၄၇ ဦး၊ တောင်ပြိုဝဲကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၄၀ဦးနှင့် ခမောင်းဆိပ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၁၈ ဦးတို့ကို အဆိုပါ ကျေးရွာများနှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတို့၌သွေးတိုးရောဂါ၊ အရေပြားရောဂါ၊ သွေးအား နည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားပါတယ်။



Follow us on