1. Home
  2. Movie Stars - Celebrity

ကိုယ်ကြိုက်တာကိုယ်လုပ်ပြီး အတ္တကြီးခဲ့ဖူးတယ်ဆိုတဲ့ နေမင်း

Movie Stars - Celebrity ก.ย. 13, 2560 view 1,427

ကျွန်တော် တစ်ချိန်က ကိုယ်တတ်တယ်၊ သိတယ်ဆိုတဲ့ပုံစံနဲ့ အတ္တကြီးခဲ့သူတစ်ယောက်ပါ။ ကိုယ်ကြိုက်တဲ့ ကာရိုက်တာကို ရိုက်တယ်။ တတ်သလောက်ကို အထင်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်ခဲ့ဖူးတယ်” လို့ သရုပ်ဆောင် နေမင်းက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ပရိသတ်နဲ့ ဆယ်စုနှစ်တစ်ခုနီးပါး ဝေးကွာခဲ့ပြီးနောက် “သိုက်ကလာတယ် စကားမပြောဘူး” ဆိုသည့် ရုပ်ရှင်ဇာတ်ကားနှင့် ပရိသတ်နဲ့ ထိတွေ့မှုပြန်ရလာတဲ့ နေမင်းက ထိုဇာတ်ကားထဲတွင် သူ၏သရုပ်ဆောင်မှု အားနည်းကြောင်း ပြောဆိုခဲ့သည်။

ပွင့်ပွင့်လင်းလင်း ပြောရရင် သိုက်ကလာတယ် ဇာတ်ကား သရုပ်ဆောင်မှုအပိုင်းမှာ ကျွန်တော် တော်တော်ကိုညံ့တယ်ဗျ။ ရိုက်ကူးသမျှ ဇာတ်ကားတွေထဲမှာ မလုံခြုံဆုံး၊ စိတ်မချရဆုံးဇာတ်ကားပဲ။ ကိုယ့်ကိုယ်ကို လုံးဝ အားမရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်ကို ပရိသတ်က အသိမှတ်ပြုခံရလို့ ကျေနပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခင်က မိမိကိုယ်ကိုယ် ထင်တစ်လုံးနဲ့ အတ္တကြီးခဲ့ပေမယ့် အခုအခါ အားလုံးနဲ့ သဟဇာတဖြစ်အောင် ကြိုးစားနေပြီး ဇာတ်ကားတွေလည်း ပြန်လည်ရိုက်ကူးနေပါတယ်။ သူ့ကို နွေးနွေးထွေးထွေးနဲ့ ပြနလည်ကြိုဆိုခဲ့ကြတဲ့ ရုပ်ရှင်လောကသားများနဲ့ ပရိသတ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုပြင် နေမင်းအတွက် ပထမဦးဆုံး ရုပ်သံဇာတ်လမ်းတွဲတစ်ခုကိုလည်း အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ရိုက်ကူးတော့မည် ဖြစ်ကြောင်း သိရှိရသည်။


သတင်းကိုးကား - မြန်မာ့အလင်း



Follow us on