1. Home
  2. Myanmar News

စာသင်ကျောင်းအနီးရှိ မုန့်ဆိုင်အချို့တွင် စားသုံးရန်မသင့်သည့် တရုတ်မုန့်များ ရောင်းချနေခြင်းကြောင့် ထပ်မံစစ်ဆေးမည်

Myanmar News ก.ย. 13, 2560 view 2,086

တရုတ်မုန့်များ ပပျောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် အခြားမြို့နယ်များတွင် စစ်ဆေးခြင်း၊ သိမ်းဆည်းခြင်းအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိတွင် ပြန်လည်ရောင်းချမှုများ ရှိနေသောကြောင့် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ သည်။ စားသုံးရန် မသင့်သည် တရုတ်မုန့်များမှာ နယ်စပ်မှ တရားမ၀င်ဖြတ်ကျော် ၀င်ရောက်လာခြင်း ပြည်တွင်း၌ပင် ထုတ်လုပ်ခြင်းများရှိနေကြောင်း သိရသည်။

တရုတ်မုန့်သည် စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပါဝင်သည့် ထုတ်လုပ်သည့် သက်တမ်းကုန်ဆုံးခြင်း ရက်စွဲမပါရှိခြင်း၊ ပါဝင်ပစ္စည်းအား မြန်မာ (သို့) အင်္ဂလိပ်ဖြင့် မဖော်ပြခြင်း မုန့်များတွင် ဆေးသကြားပါဝင်ခြင်း အချိုဓာတ်များခြင်းနှင့် အခြားဓာတုဆိုးဆေးများပါဝင်နေခြင်း ကြောင့် စားသုံးပါက ကလေးငယ်များတွင် ဆီးချိုသွေးချိုနှင့် ကင်ဆာဝေဒနာများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

''တရုတ်မုန့်တွေ စားသုံးရန် မသင့်တာကြောင့် ၂ နှစ်ဆက်တိုက် မြို့နယ် တော်တော်များများကို စစ်ဆေးတယ်။ သိမ်းဆည်းမှုတွေ လုပ်တယ်၊ အသိပညာပေးမှုတွေ လုပ်တယ်။ အထူးသဖြင့် ရန်ကုန်ကို ပိုက်စိပ်တိုက် လုပ်ဆောင်ခဲ့တယ်။ အသိပေးတိုင်ကြားမှုတွေ ရှိရင်ပြန် စစ်ဆေးတယ်။ တချို့ကျောင်းတွေ ရောင်းချမှုတွေ ရှိနေတယ်ဆိုလို့ ထပ်မံစစ်ဆေးသွားမှာပါ''ဟု ဦးဗအုပ်ခိုင်က ပြောသည်။

Soure: newswatch



Follow us on