1. Home
  2. Good Morning Myanmar

တရုတ်နှင့်ပါကစ္စတန်နိုင်ငံတို့ ပူးတွဲလေတပ်လေ့ကျင့်မှုပြုလုပ်

Good Morning Myanmar ก.ย. 13, 2560 view 1,401

တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ နှစ်နိုင်ငံပူးတွဲလေတပ်လေ့ကျင့်တာတွေကို စက်တင်ဘာလ(၇)ရက်ကပြုလုပ်ပြီး အခုလိုနှစ်နိုင်ငံပူးပေါင်းပြီး လေတပ်လေ့ကျင့်မှုဟာ (၆)ကြိမ်မြောက်ဖြစ်ပါတယ်။ တရုတ်နဲ့ပါကစ္စတန်နိုင်ငံတို့ရဲ့လေတပ်တွေက တိုက်လေယာဉ်တွေနဲ့ အခြားလေယာဉ်တွေပါဝင်တဲ့ ရှာဟီးန်အမှတ်(၆)ပူးပေါင်း လေတပ်လေ့ကျင်မှုကို တရုတ်နိုင်ငံမှာ စက်တင်ဘာလ(၇)ရက်တုန်းက ပြုလုပ်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကို လေကြောင်းကနေတုံ့ပြန်တာ၊ ထောက်ပံ့ရေးလေယာဉ်တွေကနေ ၀ိုင်းဝန်းတိုက်ခိုက်တာနဲ့ လေကြောင်းကနေ မြေပြင်ကို တိုက်ခိုက်တာတွေအပါအ၀င် လေ့ကျင့်မှု(၇)ခုပါဝင်တဲ့ ပူးတွဲလေကြောင်းလေ့ကျင့်တာတွေ ပြုလုပ်ခဲ့တာပါ။ ပါဝင်လေ့ကျင့်ခဲ့တဲ့ တပ်ဖွဲ့ဝင်အင်အားနဲ့ လေ့ကျင့်ရေးမှာသုံးတဲ့ အဓိကလက်နက်တွေဟာ ပြီးခဲ့တဲ့တစ်ခေါက်က ပြုလုပ်ခဲ့တဲ့လေ့ကျင့်မှုထက် ပိုများခဲ့ပြီး တိုက်ခိုက်ရေးနည်းစနစ်တွေကလည်းပိုပြီးအဆင့်မြင့်ခဲ့ပါတယ်။ တပ်ဖွဲ့ဝင်တွေဟာ လက်တွေ့တိုက်ခိုက်ရာမှာ တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ဖို့ နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တဲ့ လေ့ကျင့်တာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ပိုတောင့်တင်း တဲ့စစ်အင်အားကို တည်ဆောက်နိုင်ဖို့ တရုတ်နိုင်ငံရဲ့လေတပ်ဟာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာတွေ၊ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်တာတွေကို လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံလေတပ်ရဲ့ပြောခွင့်ရှိသူကပြောပါတယ်။ ရှာဟီးန်ပူးတွဲ လေတပ်လေ့ကျင်မှုကို(၂၀၁၁)မတ်လကမှာ ပထမဆုံးအကြိမ်စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလေ့ကျင့်မှုဟာ စက်တင်ဘာလ (၂၇)ရက် အထိပြုလုပ်မှာဖြစ်ပါတယ်။



Follow us on