1. Home
  2. Good Morning Myanmar

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်

Good Morning Myanmar ก.ย. 14, 2560 view 1,455

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တွေချမှတ်ခဲ့ပြီး ပိတ်ဆို့မှုတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံကို ရေနံတင်သွင်းမှု(၃၀)ရာခိုင်နှုန်းလျှော့ချတာ၊ မြောက်ကိုရီယားက တင်ပို့တဲ့အထည်အလိပ်တွေကို ပိတ်ပင်တာတွေပါဝင်နေပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားအပေါ်ပိတ်ဆို့မှုအသစ်တွေ ထပ်မံပြုလုပ်လိုက်တာကတော့ မြောက်ကိုရီးယားရဲ့မကြာသေးမီကပြုလုပ်ခဲ့တဲ့ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုအပြီး (၉)ရက်အကြာမှာပိတ်ဆို့မှုတွေစတင်ပြုလုပ်ခဲ့တာပါ။

မြောက်ကိုရီးယားရဲ့နျူကလီးယားစမ်းသပ်တာတွေကို နိုင်ငံတကာအသိုက်အ၀န်းက လက်မခံ နိုင်တော့ဘူးဆိုတာကိုပြသလိုတဲ့အတွက် အခုပိတ်ဆို့မှုတွေပြုလုပ်ရတာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ် နစ်ကီဟေလီက ပြောပါတယ်။မြောက်ကိုရီးယားနိုင်ငံကိုတင်ပို့နေတဲ့ ရေနံစိမ်းပမာဏကို(၃၀)ရာခိုင်နှုန်းအထိလျော့ချမှာဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံကနေ တင်ပို့တဲ့အထည်အလိပ်တွေကို ပိတ်ပင်တော့မှာဖြစ်ပါတယ်။

ရေနံစိမ်းတင်တင်ပို့တာကို ပိတ်ပင်တာက ကုလသမဂ်္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့မှုတွေထဲမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ယခုပိတ်ဆို့မှုတွေမှာ လက်ရှိမြောက်ကိုရီးယား နိုင်ငံခေါင်းဆောင်ကင်ဂျုံအန်နဲ့ညီမဖြစ်သူကင်ယိုဂျွန်းကိုရည်ရွယ်တဲ့သီးသန့်ပိတ်ဆို့မှုတွေတော့ ပါဝင်လာခြင်းမရှိပါဘူး။ပိတ်ဆို့မှုတွေလုပ်နိုင်သမျှမြန်မြန်သွားမယ်ဆိုတဲ့ အမေရိကန်နိုင်ငံရဲ့ ရည်ရွယ်ချက်ဟာအောင်မြင်ခဲ့ပြီး တရုတ်နိုင်ငံကတော့ ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း တင်းကျပ်သွားမယ်လို့ ကုလသမဂ္ဂသံတမန်တွေကပြောပါတယ်။



Follow us on