1. Home
  2. Good Morning Myanmar

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ဝင်ကြေး နှုန်းထားပြောင်းလဲကောက်ခံသွားဖို့ မရှိ

Good Morning Myanmar ก.ย. 14, 2560 view 1,537

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ ၀င်ကြေးကောက်ခံရာမှာ နှုန်းထားပြောင်းလဲ ကောက်ခံသွားဖို့ အတွက် အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၅)ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး(တတိယ)နေ့မှာ လှော်ကားဥယျာဉ်နှင့် တိရစ္ဆာန်ဥယျာဉ် အပါအ၀င် ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ ရသင့်ရထိုက်တဲ့ ငှားရမ်းခငွေကြေးတွေကို စီစစ်လေ့လာ သုံးသပ်မည်ဖြစ်ပြီး နှုန်းထားများကို ပြုပြင် သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက ပြောကြားခဲ့တယ်လို့သိရပါတယ်။

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အနေနဲ့လည်း စီးပွားရေးအတွက် ရည်ရွယ်လို့မရတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး ပြည်သူလူထုကိုဝန်ဆောင်မှုပေးတဲ့လုပ်ငန်း တစ်ခုသာဖြစ်တာကြောင့် တစ်လစာငှားရမ်းခငွေကြေးကိုလည်း ယခုနှုန်းထားအတိုင်းငှားရမ်းမှသာ အဆင်ပြေမှာ ဖြစ်တယ်လို့သိရပါတယ်။လက်ရှိရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်တွေရဲ့အစာဖိုးအဖြစ် နေ့စဉ် ငွေကျပ်(၉)သိန်းကျော်ကနေ (၁၀သိန်း)၀န်းကျင်ကုန်ကျနေတာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၀င်ကြေးအနေနဲ့ ယခင်ကလူကြီးတစ်ဦးကို(၅၀၀)ကျပ် ကလေးတစ်ဦး ကို(၂၀၀)ကျပ်နဲ့ ၀င်ကြေးကောက်ခံခဲ့တာဖြစ်ပြီး(၂၀၁၂)ခုနှစ်ကစတင်ပြီး လူကြီးတစ်ဦးကို (၁၀၀၀)ကျပ် ကလေးတစ်ဦးကို(၅၀၀)ကျပ်နဲ့ပြောင်းလဲကောက်ခံလာတာဖြစ်ပါတယ်။

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ပြီးခဲ့တဲ့(၂၀၁၁)ခုနှစ်က စတင်ပြီး ထူးကုမ္ပဏီက (၁၀)နှစ်စာချုပ်ချုပ်ဆိုငှားရမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။တိရစ္ဆာန်ဥယျာဉ်တွေကို ဖွင့်လှစ်ထားရှိ ရတဲ့ရည်ရွယ်ချက်တွေကတော့လာရောက်ကြတဲ့ အများပြည်သူတွေအပန်းဖြေပျော်ရွှင်စေဖို့၊ ကျောင်းသားကျောင်းသူတွေအနေနဲ့ သတ်္တဗေဒနှင့်ရုက်္ခဗေဒဘာသာရပ်တွေလေ့လာရာမှာ အထောက်အကူရှိစေဖို့၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကိုအထောက်အကူဖြစ်စေဖို့၊ သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ဖို့၊သဘာဝကိုအခြေခံတဲ့ခရီးသွားလုပ်ငန်းတွေကို အထောက် အကူပြုဖို့အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ထားတာဖြစ်တယ်လို့သိရပါတယ်။



Follow us on