1. Home
  2. Good Morning Myanmar

နောက်ဖေးလမ်းကြားရှင်းလင်းမှု စီမံချက်စမ်းချောင်းမြို့ နယ်အတွင်းမှာ စတင်

Good Morning Myanmar ก.ย. 14, 2560 view 1,397

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်အတွင်းက နောက်ဖေးလမ်းကြားတွေမှာ စက်တင်ဘာလ(၁၂)ရက်က ဒုတိယအကြိမ်နောက်ဖေးလမ်းကြားစီမံချက်နဲ့ စွန့်ပစ်အမှိုက်တွေကို စတင် ရှင်းလင်းနေပါပြီ။ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့ နယ်အတွင်းမှာနောက်ဖေးလမ်းကြား (၁၀၀)ကျော်ရှိပါတယ်။စက်တင်ဘာလ(၁၂)ရက်မှာတော့ စမ်းချောင်းမြို့ နယ် မဂ်ပိုလမ်းနှင့် ရှမ်းကုန်းလမ်းကြားမှာရှိတဲ့ နောက်ဖေးလမ်းကြားကို စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုရှင်းလင်းနေတဲ့ တိုက်နောက်ဖေးလမ်းကြားတွေကို မြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထအဖွဲ့ တွေက အပတ်စဉ်ပုံမှန်ရှင်းလင်းပေးနေပေမယ့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာတွေရှိနေတာကြောင့် အခုလို အမှိုက်တွေနဲ့ရှုပ်ပွနေတာပါ။

ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီက နောက်ဖေးလမ်းကြားတွေကို စည်ပင်ဝန်ထမ်း(၃၀)ဦး၊အမှိုက်သိမ်းကား(၆)စီးနဲ့ ရှင်းလင်းနေတာဖြစ်ပါတယ်။စမ်းချောင်းမြို့ နယ်အတွင်းကို ရှင်းလင်းတဲ့အခါမှာ ဒုတိယအကြိမ်နောက်ဖေးလမ်းကြားရှင်းတဲ့ စီမံချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့ကနေ စနေနေ့အထိရှင်းလင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရှင်းလင်းပြီးတဲ့ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တွေကို စည်းကမ်းမဲ့ထပ်စွန့် ပစ်တာတွေပြုလုပ်မယ်ဆိုရင်တော့ စည်ပင်သာယာရေးဥပေဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

ရန်ကုန်မြို့ အတွင်းက နောက်ဖေးလမ်းကြားတွေက အမှိုက်တွေကို ဒုတိယအကြိမ် စီမံချက်နဲ့ရှင်းလင်းပေးနေတာဖြစ်ပြီး ဒုတိယစီမံချက်ရဲ့ပထမမြို့နယ်အဖြစ် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဒုတိယမြို့နယ်အဖြစ် စမ်းချောင်းမြို့နယ်ကို ရှင်းလင်းနေတာလည်း ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ကြည့်မြင်တိုင်၊တာမွေ၊ရန်ကင်းစတဲ့ နေရာတွေကို ရှင်းလင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ဖေးလမ်းကြားရှင်းလင်းတဲ့ ဒုတိယစီမံချက်ကို လာမဲ့နှစ်ထဲမှာ အပြီးဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။



Follow us on