ပရိသတ်တွ အားပေးမှုကိုရရှိထားတဲ့ အဆိုတော် စိုးပြည့်ပြည့်စံ က မကြာခင်အချိန်မှာ လက်ထက်တော့မယ်လိုသိရပါတယ်။
စိုးပြည့်ပြည့်စံက တစ်ကိုယ်တော်အခွေဖြစ်တဲ့ Singl Lady အခွေမှာ ပရိသတ် အားပေးမှုကိုရရှိထားပြီး မင်္ဂလာ ဆောင် အတွက် Pre Wedding အတွက် ရိုက်ကူးထားခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့မှာ ရန်ကုန် မြို့ Royal Green River Prince မှာ ကျင်းပပြုလုပ်မယ်လိုသိရပါတယ်။
( စိုးပြည့်တို့ ချစ်သူ သက်တမ်းကလည်း မနည်းတော့ဘူး၊ ဒီအချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် ဘယ်လောက် နားလည်ပေးနိုင်မလဲ ဆိုတာက နာလည်မှု ယူကြတယ် ၊ စိုးပြည့် နဲ့ လက်ထက်မယ့် သူက တော့ ကိုအောင်သူပိုင် ပါ ၊ နောက်လ ၇ ရက်နေ့ မှာ မင်္ဂလာပွဲကို ကျင်းပမှာဖြစ်တယ် ၊ ဒီရက်ပိုင် ထဲမှာ ပဲ Pre Wedding ကိုရိုက်ကူးထားတာပါ ၊ မကြာခင်အချိန်မှာ ပရိသတ်တွေ ကြည့်ဖို့အတွက် အလှဆုံးဓာတ် ပုံတွေကို ရိုက်ကူးနေပါတယ်၊ အခုလဲ ကိုယ်ချစ်တဲ့ သူနဲ့ လက်ထက် ရတော့မယ်ဆိုတော့ အရမ်းကိုပျော်နေ ပါတယ်) လို အဆိုတော် စိုးပြည့်ပြည့်စံက ပြောပါတယ်။
လက်တလော အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး မင်္ဂလာပွဲ အတွက် ပြင်ဆင်နေရကြောင်း၊ ပင်ပန်းပေမယ့် ပျော်ရွှင်မှုတွေပြည့်နေတဲ့ အတွက် စိတ်ချမ်းသာနေကြောင်း၊ နောက်ထပ် သီချင်းအသစ် တွေ နဲ့ အတူ ပရိသတ်တွေနဲ့ ဖြတ်သန်းသွားမှာ ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။