1. Home
  2. Special or Others

ကြောက်စရာချစ်စရာ လက်သည်းအလှဒီဇိုင်း ဖန်တီးခဲ့တဲ့ အနုပညာရှင်

Special or Others ก.ย. 14, 2560 view 1,818

လူတွေရဲ့ အနုပညာဖန်တီးမှု အရှိန်ဟာ အခုချိန်မှာ မည်သည့်အတားအဆီးမျှ မရှိတော့လောက်အောင် လွပ်လပ်စွာ ဖန်တီးနေကြပါပြီ။ ဟိုအရင်ခေတ်တွေတုန်းကတော့ အနုပညာမြောက်လက်ရာတွေ ဖော်ကျူးဖို့ ပုံစံထိုင်ပေးမယ့် မော်ဒယ် ဒါမှမဟုတ် ပန်းပုရုပ်လေးတွေကို ကြည့်ပြီး လိုသလို ပုံဖော်ရေးဆွဲခဲ့ကြပေမယ့် ခုခေတ်မှာတော့ လုံးဝခြားနားသွားပါပြီ။

မိတ်ကပ်သမားတွေကနေစလို့ လက်သည်းပုံဖော်၊ တက်တူးထိုးတဲ့ အနုပညာရှင်တွေအားလုံးဟာ လူရဲ့ခန္ဓာကိုယ်ကို ကင်းဗတ်စ တစ်စလို အသုံးပြုပြီး ပြောင်မြောက်တဲ့ အနုပညာလက်ရာတွေ ဖန်းတီးလာကြပါတယ်။


ဖက်ရှင်ရေစီးကြောင်း မြန်ဆန်လာတာနဲ့အမျှ အနုပညာဒီဇိုင်းတွေကလည်း အသစ်အဆန်းတွေ အမြဲပြောင်းလဲသွားတတ်ပါတယ်။ ယခုဆိုရင် လက်သည်းအလှဖော် ကိုရီးယားအနုပညာရှင် Dain Yoon က သူမရဲ့ လက်သည်းတွေပေါ်မှာ ဖန်တီးလိုက်တဲ့ အနုပညာလက်ရာဟာ လည်းသည်းဖက်ရှင် တစ်ခေတ်ကို အသစ်ထူထောင်လိုက်သလို အားလုံးက လက်ဖျားခါသွားပါသည်။


သူမရဲ့ လည်သည်းခွံလေးတွေမှာ မျက်နှာပုံစံမျိုးစုံလေးတွေ ရေးဆွဲပြီး ဆံပင်စလေးတွေကိုပါ တပ်ဆင်ပေးလိုက်တဲ့အခါ ထိတ်လန့်စရာကောင်းသလို ချစ်စရာလည်း ကောင်းတဲ့ လက်သည်းအလှဒီဇိုင်းလေးတွေ ပေါ်လာပါတယ်။


ဒီပုံလေးတွေကို သူမရဲ့ အင်စတာဂရမ်ပေါ်တင်လိက်ြတဲ့အခါမှာတော့ အရမ်းကို ကျော်ကြားသွားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ လည်းသည်းဒီဇိုင်း ပေါ်မှာတော့ ကြောက်စရာကောင်းတယ်၊ အဲဒီလက်တွေနဲ့ ဘယ်လိုအလုပ်လုပ်မှာလဲလို့ ဝေဖန်ခဲ့ကြသူတွေရှိသလို အရမ်းမိုက်တဲ့ ဒီဇိုင်းအဖြစ် ချီးကျူးခဲ့ကြသူတွေလည်း ရှိပါတယ်။


စာဖတ်သူ ပရိသတ်ကြီးလည်း သူမရဲ့ လက်သည်းပုံဖော်ထားတဲ့ ဒီဇိုင်းအပေါ် မိမိရဲ့အမြင်တွေကို လွပ်လပ်စွာ ဆွေးနွေးပေးခဲ့ကြပါဦးနော်...။
 



Follow us on