1. Home
  2. Special or Others

ဆိုင်ကယ်တိုက်ခံရတဲ့ သားငယ်ကို အသက်နဲ့ရင်းပြီးကာကွယ်ခဲ့တဲ့ မိခင်မျောက်မ

Special or Others ก.ย. 14, 2560 view 1,548

အိန္ဒိယနိုင်ငံ နယူးဒေလီ လမ်းမပေါ်တွင် လမ်းဖြတ်ကူးနေသော မျောက်သားလေးတစ်ကောင်ကို စကူတာဆိုင်ကယ်ဝင်တိုက်ခဲ့ပြီး အသက်မသေပဲရှိနေစဉ် နောက်ထပ် အန္တရာယ်တစ်ခုနဲ့ ကြုံမည့်အရေးမှ မိခင်မျောက်မကြီးက အသက်နဲ့ရင်းကာ ကာကွယ်ပေးသွားတဲ့ဖြစ်ရပ်က မိခင်မေတ္တာကို အထင်းသား ပေါ်လွင်စေခဲ့သည်။


အသွားအလာအလွန်ရှုပ်ထွေးသော လမ်းမပေါ်တွင် ဆိုင်ကယ်တိုက်ခံရ၍ လဲကျနေသော သားငယ်ကို အခြားဆိုင်ကယ်များ တက်မကျိတ်သွားရန် မိခင်မျောက်မကြီးက ကာကွယ်ပေးနေစဉ် ခွေးတစ်ကောင်က မျောက်ကလေးကို ကိုက်ချီရန် ရောက်လာစဉ် မျောက်မကြီးက မကြောကမရွံ့ ခွေးပေါ်သို့ တက်ခုန်ကာ တိုက်ခိုက်ခဲ့သည်။


အဲဒီနောက် ခွေးက နိုင်ချေမမြင်သောကြောင့် မျောက်သားအမိကို ထားကာ ထွက်ပြေးသွားခဲ့သည်။ လမ်းသွားလမ်းလာများက တိရိစ်ဆာန်များ၏ အဖြစ်ပျက်ကို အံ့သြစွာဝိုင်းကြည့်နေခဲ့ကြသည်။
အိန္ဒိယနိုင်ငံ၏ လမ်းများပေါ်တွင် အစားအသောက်အတွက် ခက်ခဲစွာရုန်းကန်နေရသော မျောက်များကို နေ့စဉ်မြင်တွေ့နိုင်ပြီး ယာဉ်အသွားအလာ ရှုပ်ထွေးမှုများကြားမှ ခက်ခဲစွာ အသက်ရှင်နေကြရသည်။
 



Follow us on