1. Home
  2. Good Morning Myanmar

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့မှုအပေါ် မြောက်ကိုရီးယားတုံ့ပြန် တဲ့သတင်း

Good Morning Myanmar ก.ย. 15, 2560 view 1,402

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ မညီဘူးလို့ မြောက်ကိုရီးယားဘက်က တုံ့ပြန်ခဲ့ပြီး အမေရိကန်နိုင်ငံကိုလည်းခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ မလုံလောက်သေးဘဲ မြောက်ကိုရီးယားအပေါ်ပိုပြီးပြင်းထန်တဲ့ပိတ်ဆို့မှုတွေပြုလုပ်သွားမှာ ဖြစ်တယ်လို့ အမေရိကန်သမ်္မတဒေါ်နယ်ထရမ့်ကပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကတော့ အမေရိကန်နိုင်ငံကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားသံတမန် ဟန်တဲကတော့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ ဥပဒေပြင်ပရောက်နေတဲ့အပြင် ပိတ်ဆို့မှုအသစ်တွေကိုလည်းငြင်းဆိုတယ်လို့ ကုလသမဂ္ဂရုံးချုပ် တည်ရှိရာ ဂျီနီဖာမြို့မှာပြုလုပ်ခဲ့တဲ့ လက်နက်ဖျက်သိမ်းရေးထိပ်သီးအစည်းအဝေးမှာ ပြင်းပြင်း ထန်ထန်ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားကို နိုင်ငံရေး၊စစ်ရေးနဲ့စီးပွားရေး အရ ထိပ်တိုက်တွေ့ဆုံဖို့ ရွေးချယ်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားသံအမတ်ကပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံကိုတင်သွင်းနေတဲ့ ရေနံစိမ်းပမာဏကို (၃၀)ရာခိုင်နှုန်းလျော့ချဖို့နဲ့ မြောက်ကိုရီးယားနိုင်ငံကနေတင်သွင်းတဲ့ အထည်အလိပ်တွေကို ပိတ်ပစ်ဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက စက်တင်ဘာလ(၁၁)ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။



Follow us on