1. Home
  2. Good Morning Myanmar

လက်ကားဈေးကွက်မှာ ကြက်သွန်နီဈေးအနည်းငယ်ပြန်ကျသွားပေမယ့် လက်လီရောင်းချမှုတွေမှာ ဈေးတက်နေသေး

Good Morning Myanmar ก.ย. 15, 2560 view 1,462

လက်ကားရောင်းချနေတဲ့ ဘုရင့်နောင်ပွဲရုံတွေမှာတော့ ကြက်သွန်နီဈေးဟာ အနည်းငယ်ပြန်ကျ သွားပေမယ့် လက်လီရောင်းချနေတဲ့ ရန်ကုန်မြို့တွင်းက ဈေးတွေမှာတော့ ကြက်သွန်နီဈေးပြန်မကျ သေးဘူးလို့ သိရပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြီးခဲ့တဲ့အပတ် စက်တင်ဘာလ(၅)ရက်ကစပြီး ကြက်သွန်နီဈေးဟာ တဖြည်းဖြည်းတက်လာခဲ့ပြီး ယခုအပတ်ထဲမှာတော့ ဈေးအနည်းငယ်ပြန်ကျ ခဲ့ပါတယ်။

ကုန်စည်ဒိုင်ရဲ့လက်ကားဈေးကွက်မှာ ကြက်သွန်နီဈေးပြန်ကျသွားပေမယ့် လက်လီ ရောင်းချနေတဲ့ ဆိုင်တွေမှာတော့ ခုရက်ပိုင်းထိ ဈေးပြန်မကျသေးဘူးလို့ပြောပါတယ်။ဈေးတွေမှာ လက်လီဝယ်ယူသူတွေကတော့ ယခင်က ကြက်သွန်နီအသစ်ပေါ်လို့ ဈေးတက်တာဖြစ်ပေမယ့် ယခုဈေးနှုန်းမှာတော့ယခင်ဈေးနှုန်းထက် ထက်ဝက်လောက် တက်သွား တယ်လို့သိရပါတယ်။အခုနှစ်မှာလည်း ကြက်သွန်အသစ်ပေါ်တော့မှာဖြစ်တာကြောင့် လက်၇ှိ အနေအထားမှာ ဈေးမြင့်နေတာလို့ပြောပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့စက်တင်ဘာလ(၁၃)ရက်နေ့အတွက် ကြက်သွန်နီဈေးမှာ ကြက်သွန်နီအသေး ၁ ပိသာကို (၁၇၀၀)၊ ကြက်သွန်နီအကြီးရှယ် ၁ ပိသာကို (၂၀၇၅)ကျပ် ရှိတယ်လို့သိရပြီး ဈေးတွေမှာရောင်းချနေတဲ့ ဈေးနှုန်းကတော့ တစ်ပိသာကို ၂၀၀၀ ကနေ ၂၃၀၀ အထိ ရှိနေပါတယ်။



Follow us on