1. Home
  2. Good Morning Myanmar

ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံအတွင်းမှာရှိတဲ့ ကန်ပတ်လမ်းတံတားကို ပြန်လည်ပြုပြင်ဆောင်ရွက်နေ

Good Morning Myanmar ก.ย. 15, 2560 view 1,515

ကန်တော်ကြီးပန်းခြံအတွင်းမှာရှိတဲ့ ကန်ပတ်လမ်းတံတားပြုပြင်မှုကို သြဂုတ်လကတည်းက စတင်ဆောင်ရွက်နေတာဖြစ်ပြီး ကန်ပတ်လမ်းပြုပြင်ဆောင်ရွက်နေစဉ် ပြင်ဆင်နေတဲ့အပိုင်းကို ခေတ္တပိတ်ထားတာတွေပြုလုပ်ထားမယ်လို့ သိရပါတယ်။ကန်တော်ကြီးပန်းခြံအတွင်းမှာရှိတဲ့ ကန်ပတ်လမ်းတံတားက သက်တမ်း(၂၄)နှစ် ရှိပြီဖြစ်ပြီး တံတားအရှည်က ပေပေါင်း(၆ထောင်)ကျော်ရှိပါတယ်။လက်ရှိမှာ ကန်ပတ်လမ်း တံတားဟာ သစ်သားတံတားဖြစ်ပြီး နှစ်ပေါင်းကြာမြင့်လာတဲ့အတွက် သစ်သားတိုင်တွေဟာ ဆွေးမြေ့နေပါပြီ။`

သစ်သားတံတားဟာ ဆွေးမြေ့နေပြီဖြစ်တဲ့အတွက် ကန်ပတ်တံတားလမ်းအပေါ်မှာ မနက်စောစော အားကစားလာလုပ်သူတွေနဲ့ အပန်းဖြေနားနေသူတွေအတွက်ကတော့ တံတားကျွံကျ တာတွေအပြင် တခြားအန္တရာယ်တွေပါရှိလာနိုင်တယ်လို့ပြောပါတယ်။အခုဆိုရင်တော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း ကန်တော်ကြီးပန်းခြံအတွင်းမှာရှိတဲ့ ကန်ပတ်တံတားကို သစ်သားအစား ကွန်ကရစ်တံတားအဖြစ် ပြန်လည်အဆင့်မြှင့်တာတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။ အောက်ခြေက သစ်သားတိုင်တွေ အစား ကွန်ကရစ်တိုင်တွေကို အစားထိုးအသုံးပြုသွားမှာဖြစ်ပြီး တံတားအပေါ်ကအခင်းပြားကိုလည်း နိုင်ငံတကာအဆင့်မီဒီဇိုင်းတွေ အသုံးပြုသွားမှာ ဖြစ်တယ်လို့ပြောပါတယ်။

ကန်တော်ကြီးအတွင်းက ကန်ပတ်လမ်းတံတားကို သစ်သားအစားကွန်ကရစ် တံတားအစားထိုးပြန်လည်ပြင်ဆင်ခဲ့မယ်ဆိုရင် တံတားအပေါ်မှာအားကစားလုပ်တဲ့ ပြည်သူတွေနဲ့ အပန်းဖြေတဲ့ပြည်သူတွေအတွက် ပိုအဆင်ပြေနိုင်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ ကန်တော်ကြီးအတွင်းမှာရှိတဲ ကန်ပတ်လမ်းတံတား ပြန်လည် ပြင်ဆင်မှုအပိုင်းကို သြဂုတ်လကစပြီး ဦးထောင်ဘိုအ၀ိုင်းထိပ်မှ မျှော်စင်ကျွန်းအထိ ပြန်လည်ပြင်ဆင် နေတာတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။



Follow us on