1. Home
  2. Special or Others

အလီဘာဘာရဲ့ နှစ်ပတ်လည်မှာ မိုက်ကယ်ဂျက်ဆင်လို ကပြခဲ့တဲ့ ဂျက်မား

Special or Others ก.ย. 15, 2560 view 1,523

ဂျက်မားလို့ ဆိုလိုရင် ယနေ့ခေတ်မှာ မသိတဲ့လူမရှိလောက်အောင် တရုပ်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်းဈေးဆိုင်သူဋ္ဌေးကြီး တစ်ယောက်ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်အတွက် အလီဘာဘာကုမ္ပဏီ နှစ်ပတ်လည်အခမ်းအနားကို ဟန်ကျိုးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ထူးထူးခြားခြားအနေနဲ့ သူဋ္ဌေးကြီး ဂျက်မားကိုယ်တိုင် မိုက်ကယ်ဂျက်ဆင်ဒီဇိုင်း ဝတ်စုံဝတ်ဆင်ပြီး ကပြခဲ့ပါတယ်။


မျက်နှာဖုံး စလွယ်တွေနဲ့ မိုက်ကယ်ဂျက်ဆင် ဟန်ပန်ယူထားတဲ့ လူတစ်ဦးက မော်တော်ဆိုင်ကယ်ကို ဟန်ပါပါနဲ့ခွထားပါတယ်။ အဲဒီနောက် ဆိုင်ကယ်ပေါ်က ဆင်းလာပြီး မိုက်ကယ်ဂျက်ဆင်ရဲ့ တေးသွားများနဲ့အတူ ကခဲ့ပါတယ်။ တေးသွားတစ်ပိုဒ်အပြီးမှာ ကနေသူက သူ့ရဲ့ မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါမှာတော့ သူတို့ရဲ့ သူဋ္ဌေးကြီး ဂျက်မား ဖြစ်နေတာ တွေ့လိုက်ရတဲ့အခါ ဧည့်ပရိသတ်တွေ အံ့အားသင့်ပြီး လက်ခုတ်ထောပနာပြုခဲ့ကြပါတယ်။


ဒါတင်မကသေးပါဘူး မျက်လှည့်ဆန်ဆန်ပြကွက်နဲ့အတူ အလီဘာဘာရဲ့ ထိပ်တန်းအရာရှိများကလည်း မိုက်ကယ်ဂျက်ဆင်ရဲ့ အဖွဲ့သားများသဖွယ် ဂျက်မားနဲ့အတူ ကပြဖျော်ဖြေသွားတဲ့အတွက် ၂၀၁၇ အလီဘာဘာနှစ်ပတ်လည်က အမှတ်တရများစွာ ကျန်ရစ်မှာ သေချာပါတယ်။
ဒီလို လူစိတ်ဝင်စားအောင် အထူးအဆန်းတွေ ဖန်တီးတတ်လို့ ဂျက်မားတစ်ယောက် အောင်မြင်ပြီးရင်း အောင်မြင်နေတာ အဆန်းတော့ ဟုတ်မယ်မထင်ပါဘူး..။

 



Follow us on