1. Home
  2. Movie Stars - Celebrity

ဓါတ်ပုံတစ်ပုံကြောင့် အွန်လိုင်းမှာ ချက်ခြင်းနာမည်ကြီးသွားတဲ့ Plus size မော်ဒယ်

Movie Stars - Celebrity ก.ย. 18, 2560 view 1,762

Plus size မော်ဒယ်ဖြစ်သူ Diana Sirokai က နာမည်ကြီးစူပါမော်ဒယ် Kim Kardashian ရဲ့  ရေကူးဝတ်စုံအဖြူလေးနဲ့ ရိုက်ထားတဲ့ ပုံစံအတိုင်း အတုခိုးပြီး ဓါတ်ပုံရိုက်ကာ ပုံနှစ်ပုံယှဉ်တွဲပြီး သူမရဲ့ အင်စတာဂရမ်မှာ တင်လိုက်ပြီးတဲ့နောက် Like သုံးသိန်းနီးပါးနဲ့ ချက်ခြင်း နာမည်ကြီးသွားခဲ့ပါတယ်။


အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ Diana က ခန္ဓာကိုယ်အချိုးအစားမတူတဲ့ အမျိုးသမီးနှစ်ယောက် ဆိုတဲ့ စာသားနဲ့အတူ အဆိုပါဓါတ်ပုံကို တင်ထားခဲ့တာဖြစ်ပါတယ်။ သူမဟာ ကိုယ်ပိုင် Plus size အဝတ်အထည်များရောင်းချတဲ့ Xehar ဆိုတဲ့ အွန်လိုင်းဈေးဆိုင် နာမညရထားပြီးသူလဲဖြစ်ပါတယ်။


သူမရဲ့ အခိုင်အမာ ပရိသတ်တွေကတော့ သူမဟာ ကင်မ်ထက်ပိုမိုက်ကြောင်း၊ ရေကူးဝတ်စုံဝတ်ထားတာ ပိုလှကြောင်း စသည်ဖြင့် ချီးမွမ်းပြောဆိုခဲ့ကြသည်။ Plus ဆိုဒ်အများစုက အဝတ်အစားများနဲ့သာ စတိုင်ထုတ်အလှပြကြပေမယ့် Diana ကတော့ ရေကူးဝတ်စုံနဲ့လဲ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပြသခဲ့တဲ့အတွက် ဝိုင်းဝန်း ချီးကျူးခဲ့တာလဲဖြစ်ပါတယ်။
 



Follow us on