1. Home
  2. Special or Others

မြန်မာ့ ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲကို လာရောက်ရန်အတွက် ရန်ကုန်မြို့တွင် ကားအကြိုအပို့များအခမဲ့စီစဉ်ပေး

Special or Others ก.ย. 18, 2560 view 1,602

မြန်မာ့ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီနှင့် အငြိမ့်ပြိုင်ပွဲဒိုင်အဖြစ်ဆောင်ရွှက်ပေး မည်ပညာရှင်များ တွေဆုံဆွေးနွေးပွဲကို မြန်မာအသံနှင့် ရုပ်မြင်သံကြားအနီး Forever Group  ရုံးမှာကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ဆွေးနွေးပွဲမှာ စက်တင်ဘာလ ၂၀ ရက်နေ့ နှက့် ၂၁ ရက်နေ့တို့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာကျင်း ပ မှာဖြစ်ပြီး ဗိုလ်လုပွဲကို လာရောက်မည့်ပြိုင်ပွဲဝင်တွေအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာစီစဉ်ပေးမည့် နေရာ ၆ နေရာမှ ကားများ ကြိုပို့အခမဲ့လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းသိရသည်။

ကားကြိုပို့ယာဉ်များ - စံပြဈေး၊ ဇ၀နမှတ်တိုင်၊ မြောက်ဥက္ကလာ ၆ ကွေ့၊ ကမ္ဘာအေးမှတ်တိုင်၊ ကြည့်မြင်တိုင် ညဈေးမှတ်တိုင်၊ တောင်ဥက္ကလာပ ခုနှစ်ဆူဘုရား၊ ရန်ကင်း ၁၂ လုံးတန်း၊ ၀ဇီရာရုံမှတ်တိုင် (လှိုင်သာယာ) ၊ သမိုင်းလမ်းစုံ၊ ဒဂုံအရှေ့ ၁၅၆ ရစြခန်းရှေ့တို့မှာ ကြိုပို့ စီစဉ်ထားကြောင်းသိရပါတယ်။

          မြန်မာ့ ဒီမိုကရေစီပွဲတော် အငြိမ့်ပြိုင်ပွဲကို ဒိုင်အဖြစ်ဆောင်ရွှက်မည့်ပညာရှင် ခုနှစ်ဦးကို ထုတ်ပြန်ကြော ငြာခဲ့ကြောင်းသိရပါတယ်။ ၄င်းတို့မှာ ဆိုင်းဆရာ မွန်ပြည်နယ်ကိုကိုနိုင်၊ တေးရေးပညာရှင် ညွှန့်လှိုင်လှိုင်၊ စာပေပညာရှင်ဦးငြိမ်းမင်း၊ ဟာသပညာရှင်ဦးပေါစိန်၊ ဟာသပညာရှင် ဦးမိုးဒီ၊ အကပညာရှင် ဒေါ်အုန်းရီ၊ အကပညာရှင် နန်းခင်မွှေးတို့ ဒိုင်အဖြစ်ဆောင်ရွှက်မည်ဖြစ်ကြောင်းသိရပါတယ်။



Follow us on