1. Home
  2. Special or Others

အဆော့လွန်ပြီး ဦးခေါင်းမှာ ပလက်ခေါင်းစိုက်ဝင်ခဲ့တဲ့ ကလေးငယ် ဦးနှောက်ထဲထိုးဖောက်

Special or Others ก.ย. 18, 2560 view 1,683

ကလေးဆိုတာ ဆော့တတ်တဲ့ သဘောသဘာဝရှိတာကြောင့် တစ်ခါတစ်ရံ မျှော်လင့်မထားတဲ့ ဘေးအန္တရာယ်မျိုးတွေနဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ကလေးရှိတဲ့ မိဘများအနေနဲ့ လက်လှမ်းမီသလောက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေကို ကလေးဆော့ကစားတတ်တဲ့ ပတ်ဝန်းကျင်မှာ ရှိမနေဖို့ သတိပြုသင့်ပါတယ်။


တရုပ်နိုင်ငံက ချန်းချန်းဆိုတဲ့ အသက် နှစ်နှစ်အရွယ် ကလေးငယ်ဟာ ဂွမ်ကျိုးက သူ့ရဲ့အိမ်ထဲမှာ ဆော့ကစားနေခဲ့ပါတယ်။ ကလေးသဘာဝအတိုင်း အိမ်ယာထဲမှာ ခုန်ပြီးကစားနေရင်း ပလက်စတစ်ဘောလုံးပေါ် ခြေတစ်ဖက်ချော် နင်းမိရာကနေ ဟန်ချက်ပျက်ပြီး ကြမ်းပြင်ပေါ် ခေါင်းစိုက်ကျသွားခဲ့ပါတယ်။ အဲဒီအချိန် ကြမ်းပြင်ပေါ်မှာ ပက်လက်အနေအထားရှိနေတဲ့ သုံးပင် ပလက်ခေါင်းပေါ် ပြုတ်ကျခဲ့တာဖြစ်လို့ ကလေးရဲ့ ဦးခေါင်းမှာ မီးပလက်ခေါင်းက စိုက်ဝင်ပြီး ဦးခေါင်းခွံကို ဖောက်ကာ ဦးနှောက်ထဲထိ ရောက်သွားခဲ့ပါတယ်။


ဆရာဝန်တွေက သုံးနာရီကြာတဲ့ ခွဲစိတ်မှုပြုလုပ်ကာ ချန်းချန်းရဲ့ ခေါင်းက ပလက်ကို အမြန်ဆုံးပြန်နုတ်ပေးနိုင်ခဲ့ပါတယ်။ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ကလေးငယ် အသက်ချမ်းသာရာရခဲ့သလို ဦးနှောက်ကို ထိခိုက်မှုက မကြာမီပြန်လည်ကောင်းမွန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 



Follow us on