1. Home
  2. Movie Stars - Celebrity

Miss Cosmopolitan World 2017 ပြိုင်ပွဲမှာမြန်မာအလှမယ်မြတ်နိုးချစ်1st Runner Up နဲ့အတူဆုနှစ်ဆုရရှိ

Movie Stars - Celebrity ก.ย. 18, 2560 view 1,700

 စက်တင်ဘာလ၁ရက်နေ့မှ၁၆ရက်နေ့အထိ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့တဲ့ Miss Cosmopolitan World 2017 ပြိုင်ပွဲမှာအသက်၁၈နှစ်အရွယ် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် မြတ်နိုးချစ်ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ 1st Runner Up နဲ့အတူဆုနှစ်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။

 

ထိုပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် Style Plus H Organization မှ  ဒေါ်လှနုထွန်းကရွေးချယ်စေလွှတ်ခြင်းဖြစ်ကာ၊ ပြိုင်ပွဲမှာဆုတွေရရှိလာတာနဲ့ ပတ်သက်ပြီး  “ စကာတင်ဆယ်ဦးစာရင်းထဲကိုပါပြီဆိုရင် မေးခွန်းတွေဖြေရပါတယ်။  မြတ်နိုးဖြေရတဲ့မေးခွန်းက ကျော်ကြားမှုနဲ့ ငွေနဲ့ ဘယ်ဟာအရေးကြီးလဲ လို့ မေးပါတယ်။ အကောင်းဆုံးတတ်နိုင်သလောက်ကိုပြန်ဖြေနိုင်ခဲ့ပါတယ်။ စကာတင်ငါးဦးထဲထပ်ပါတော့မေးခွန်းတွေထပ်ဖြေရပါတယ်။ ဒီမေးခွန်းမှာလည်းစကာတင်ငါးယောက်လုံးက အကောင်းဆုံးဖြေခဲ့ကြတယ်၊ မြတ်နိုးအကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ Style Plus Hက ရွေးချယ်ထားသောနိုင်ငံကိုယ်စားပြုမယ်များအတွက်ပွဲစဉ်အစအဆုံးကို Miniso Myanmarကနေမေတ္တာနဲ့ကူညီပေးပါတယ် ” လို့ Style Plus H မှ  ဒေါ်လှနုထွန်းကပြောပါတယ်။

အလှမယ်မြတ်နိုးချစ်အနေနဲ့ 1st Runner Up ဆုအပြင် Miss Pearl Award ၊ Miss Cosmopolitan World logo ပါရှိတဲ့ဒီဇိုင်နာဇာနည်ဝင်းချုပ်ပေးတဲ့ညနေခင်းဝတ်စုံနဲ့ Best Evening Gown ဆုကိုလည်းရရှိခဲ့တာဖြစ်ပါတယ်။

ဆုသုံးဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့ အလှမယ်မြတ်နိုးချစ်ကလည်း “ ဆရာဆရာမတွေသင်ကြားမှုကြောင့် စကာတင်၁၀ဦးအထိယုံကြည်ထားပေမဲ့။ ဒုတိယရဖို့  အထိတော့မမျော်လင့်ရဲခဲ့ပါဘူးရှင်။ မြတ်နိုး အားကျတာကမနှစ်က ဆုရှင်ပါတဲ့။ တောက်လျှောက်ဒီနှစ်မှာ ပွဲရှင်ကိုကူညီပေးနေတာ တွေ့ ရတဲ့အတွက်လေးစားမိပါတယ်”  လို့ပြောပါတယ်။

Miss Cosmopolitan World 2017 Winner ဆုကိုတော့ အင်ဒိုနီးရှားအလှမယ်ကလည်းကောင်း၊ 2nd  Runner Up ဆုကို ထရီနီဒက်နဲ့ တိုဘာကို အလှမယ်ကလည်းကောင်း၊ 3rd  Runner Up ဆုကို အမေရိကား အလှမယ်ကလည်းကောင်း နဲ့ 4th  Runner Up ဆုကို မလေးရှားအလှမယ်တို့က အသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။

 



Follow us on