
ဒလတံတားစီမံကိန်းနှင့် မလွတ်ကင်းသော အဆောကအ်အုံဟောင်းများကို လာမည့် သီတင်းကျွတ်တွင် စတင်ဖျက်တော့မည်ဖြစ်ကြောင်း ဒလမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ပြောဆိုခဲ့သည်။
အဆောက်အအုံဟောင်းများတွင် ဘုန်းကြီးကျောင်းများနှင့် ဓမ္မာရုံဟောင်းများဖြစ်ပြီး အဆိုပါအဆောက်အအုံများနေရာအတွက် ဌါနဆိုင်ရာမှ ပြန်လည်အစာထိုး တည်ဆောက်ပေးပြီးဖြစ်ကြောင်း သိရှိရသည်။
အဆောက်အအုံဟောင်းများ ဖျက်ဆီးမှုအတွက် လေလံပေးခဲ့ခြင်းဖြစ်ပြီး ကျပ်သိန်း ၅၀ နှင့် ဒေသခံများပါဝင်သော အဖွဲ့က လေလံအောင်ခဲ့ကြောင်း ဆက်လက်ပြောကြားသည်။
ရန်ကုန်−ဒလ တံတားစီမံကိန်း တည်ဆောက်စဉ်ကာလအတွင်း အများပြည်သူ သွားလာရလွယ်ကူစေရေးအတွက် လမ်းဖောက်ရန် လိုအပ်သည့် အကျယ်အဝန်းကို မြေရှင်များထံမှ လေးနှစ်တာမြေငှားခအဖြစ် အိမ်ထောင်စု ၆၈ စုအား ကျပ် ၃၂၈ ဒသမ ၃၇ သိန်းနှင့် ဆိုင်ခန်းများအတွက် လျော်ကြေးငွေ ၅၈၈ သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြာင်း သိရှိရသည်။
ရန်ကုန်−ဒလ တံတားစီမံကိန်းကို ကိုးရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရံပုံငွေ EDCF Loan မှအမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ခန့်မှန်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းရင်းမြစ် - ဒီမိုကရေစီတူဒေး
comment