1. Home
  2. Good Morning Myanmar

YBS ခရီးသည်တင်ယာဉ်လိုင်းအားလုံး စက်တင်ဘာလကုန်နောက်ဆုံးထားကာ အလုံးစုံအာမခံထားရှိရမည်

Good Morning Myanmar ก.ย. 19, 2560 view 1,559

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ခရီးသည်တင်ယာဉ်လိုင်းအားလုံးစက်တင်ဘာလကုန် နောက်ဆုံးထားပြီး အလုံးစုံအာမခံထားရှိရမယ်လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)လက်အောက်ရှိ YBS ခရီးသည်တင်ဘတ်(စ်)ကားအစီးရေ(၃၅၀၀)ကျော်လုံးအလုံးစုံအာမခံထားရှိရမှာဖြစ်ပါတယ်။ ` ဒီလိုအာမခံထားရှိရာမှာ အများပိုင်ကုမ္ပဏီတွေထဲမှ တစ်ခုဖြစ်တဲ့ YUPT ကုမ္ပဏီအနေနဲ့ ယာဉ်လိုင်းပေါင်း(၂၁)လိုင်းမှ ယာဉ်စီးရေပေါင်း(၁၀၀၀)နီးပါး အလုံးစုံအာမခံထားရှိထားပြီး ဖြစ်ပါတယ်။

အခုလိုYBS ယာဉ်လိုင်းတွေ အာမခံထားရှိရာမှာ ယာဉ်တန်ဖိုးအလိုက်တစ်နှစ်ကို အလုံးစုံအာမခံကြေး ငွေကျပ်(၂)သိန်းကျော်ကနေ ငွေကျပ်(၃)သိန်းကျော်အထိ ပေးသွင်းရမယ်လို့သိရပါတယ်။ စက်တင်ဘာကုန်မှာ ခရီးသည်တင် ယာဉ်လိုင်းတွေထဲမှ အာမခံထားရှိခြင်းမရှိတဲ့ ယာဉ်တွေဟာ မိမိတို့ပြေးဆွဲနေတဲ့ ယာဉ်လိုင်းမှာ ပြေးဆွဲခွင့်ရှိတော့မှာ မဟုတ်ဘူးလို့သိရပါတယ်။ YBS ခရီးသည်တင်ယာဉ်လိုင်းအားလုံးကို အလုံးစုံအာမခံထားရှိခိုင်းတာဟာ မိမိတို့မောင်းနှင်နေတဲ့ဘတ်(စ်)ကားတွေကြောင့် အခြားယာဉ်တွေကိုတိုက်မိတာမျိုးတွေဖြစ်ပေါ်ပါက ဖြေရှင်းရလွယ်ကူစေဖို့အတွက် ထားရှိခိုင်းတာဖြစ်တယ်လို့သိရပါတယ်။အလုံးစုံအာမခံမထားချင်တဲ့ယာဉ်ပိုင်ရှင်အချို့ လည်းရှိနေသေးတယ်လို့သိရပါတယ်။



Follow us on