1. Home
  2. Good Morning Myanmar

ရှေးဟောင်းအမွေအနှစ်ဖျက်ဆီးသူများ ဂျပန်ရဲတပ်ဖွဲ့ဖမ်းဆီး

Good Morning Myanmar ก.ย. 19, 2560 view 1,413

ဂျပန်ရဲတပ်ဖွဲ့ဟာ အိုကီနာဝါစီရင်စု ယိုမီတန်ရွာမှာရှိတဲ့ ချီဘီချီရီဂါမာဂူထဲက ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးတယ်လို့ယူဆရတဲ့ လူငယ်(၄)ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဂူဝင်ပေါက်ကို ညွှန်ပြတဲ့ လမ်းညွှန်ဆိုင်းဘုတ်ပျက်စီးနေပြီး ဂျပန်ရိုးရာ စက်္ကူခေါက်တဲ့စာရွက်တွေ ပြန့်ကျဲနေတာကို ဒေသခံတစ်ဦးက စက်တင်ဘာလ(၁၂)ရက်မှာ တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ရှေးဟောင်းအနုပညာလက်ရာတွေဖျက်ဆီးခံထားရပြီး ရေသန့်ဘူးခွံတွေ ပြန့်ကျဲနေတဲ့အပြင် ဂူထဲမှာ အပျက်အစီးတွေ ပြန့်ကျဲနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။



Follow us on