1. Home
  2. Good Morning Myanmar

အပူပိုင်းမုန်တိုင်း တာလင်မ်ကြောင့် ဂျပန်တွင် ပို့ဆောင်ရေးအခက်အခဲကြုံနေရ

Good Morning Myanmar ก.ย. 19, 2560 view 1,440

အပူပိုင်းမုန်တိုင်းတာလင်မ်ဟာ ဂျပန်နိုင်ငံတောင်ပိုင်းက ကျူရှူကျွန်းကို ၀င်ရောက်တိုက်ခတ်နေပြီး မုန်တိုင်းကြောင့် မိုးကြီးနေလို့ ဒေသတွင်းသွား ရထားနဲ့လေကြောင်းခရီးစဉ်တွေကို ရွှေ့ဆိုင်းထား ရပါတယ်။အပူပိုင်းမုန်တိုင်း တာလင်မ်ဟာ ဂျပန်နိုင်ငံတောင်ပိုင်းက ကျူရှူကျွန်းကို ၀င်ရောက် တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းဟာ ကျွန်းရဲ့အရှေ့မြောက်ပိုင်းကိုဦးတည်နေပြီး လေတိုက်နှုန်းကတစ်နာရီကို ကီလိုမီတာ(၃၀)နှုန်းနဲ့တိုက်ခတ်နေတယ်လို့ ဂျပန်မိုးလေ၀သဌာနက ပြောပါတယ်။မုန်တိုင်းဗဟိုချက် မှာတော့ လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ(၁၀၀)ကျော်နဲ့တိုက်ခတ်နေပြီး ကျူရှူကျွန်းပေါ်က မီယာဇာကီစီရင်စုမှာမိုးကြီးနေပြီး မိုးရေချိန်က နှစ်ရက်အတွင်း(၄၈)စင်တီမီတာ ကျော်နေပြီလို့ ဂျပန်မိုးလေ၀သဌာနကပြောပါတယ်။

မုန်တိုင်းကြောင့် ဂျပန်နိုင်ငံအနောက်ပိုင်းဒေသကနေ မြောက်ပိုင်းအထိ ဒေသတွေမှာ စက်တင်ဘာလ(၁၈)ရက်အထိ မိုးကြီးနိုင်ပြီး ဒေသတချို့မှာ မိုးရေချိန်(၈၀) စင်တီမီတာကျော်အထိရှိနိုင်တယ်လို့ ဂျပန်မိုးလေ၀သဌာနက ခန့်မှန်းထားပါတယ်။ဒေသအာဏာပိုင်တွေက ဒေသခံတွေကို မုန်တိုင်းမတိုက်ခတ်ခင်မှာ ကြိုတင်ပြောင်းရွှေ့ ပေးခဲ့ပါတယ်။မုန်တိုင်းကြောင့် ဒေသရဲ့ပို့ဆောင်ရေးစနစ်တွေကို ထိခိုက်နေပါတယ်။ကျူရှူကျွန်းပေါ်မှာ ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေကိုရပ်ဆိုင်းထားရပြီး မုန်တိုင်းတိုက်ခတ်လာနိုင်တဲ့ဒေသတွေက ကျည်ဆန် ရထားခရီးစဉ်တွေကိုလည်း ရွှေ့ဆိုင်းထားပါတယ်။ကျူရှူနဲ့ရှင်ကိုကူဒေသတွေကို အသွားအပြန်ပြေးဆွဲနေ တဲ့ လေကြောင်းခရီးစဉ်အခေါက်ရေ(၆၀၀)လောက်ကို လေကြောင်းကုမ္ပဏီတွေက စက်တင်ဘာလ (၁၇)ရက်မှာ ရွှေ့ဆိုင်းခဲ့ပါတယ်။



Follow us on