1. Home
  2. Football

အရက်သောက် ကားမောင်းလို့ ၀ိန်းရူနီ ကားမောင်းခွင့် ပိတ်ပင်ခံရ

Football ก.ย. 19, 2560 view 1,595

အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်ဟောင်းနဲ့ အဲဗာတန်အသင်း တိုက်စစ်မှူးဖြစ်သူ ၀ိန်းရူနီဟာ အရက်သောက်ပြီး ယာဉ်မောင်းနှင်ခဲ့တာကို တရားရုံးမှာ ၀န်ခံခဲ့ပြီး ၂ နှစ်ကြာ ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။ အဲဒီပြစ်ဒဏ်နဲ့အတူ ၁၂ လအတွင်း လူမှုရေးအလုပ်တွေမှာ နာရီ ၁၀၀ လောက် လုပ်အားပေးရမှာပါ။ စက်တဘာလ ၁ ရက်နေ့က ၀င်လန်စလိုးမှာ အရက်သောက်ပြီး ယာဉ်မောင်းနှင်လာစဉ် ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ပေါင် ၁၇၀ ကိုလည်း တရားရုံးမှာ ပေးဆောင်ခဲ့ရပါတယ်။ အရက်သောက်သုံးမှု တိုင်းတာတဲ့ ကိရိယာနဲ့ စစ်ဆေးမှုအရတော့ ၀ိန်းရူနီဟာ သတ်မှတ်ထားတဲ့ အရက်သောက်သုံးခွင့် ပမာဏထက် ကျော်လွန်တဲ့ ၁၀၄ မိုက်ကရိုဂရမ်အထိ သောက်သုံးခဲ့တာတွေ့ရပါတယ်။

အင်္ဂလန်နဲ့ ဝေးလ် ဒေသတွေမှာ ၃၅ မိုက်ကရိုဂရမ်အထိသာ ယာဉ်မောင်းသူတွေအနေနဲ့ သောက်သုံးခွင့်ရှိတာပါ။ ကျွန်တော့်ရဲ့ ခွင့်မလွတ်နိုင်လောက်တဲ့ အပြုအမူတွေအတွက် လူသိရှင်ကြားတောင်းပန်ပါတယ်။ ဒါဟာတကယ်မှားယွင်းတဲ့ လုပ်ရပ်ပါ၊ အသင်းမန်နေဂျာ ၊မိသားစုတွေနဲ့ ဥက္ကဌ အပါဝင် အဲဗာတန် ပရိတ်သတ်တွေသာမက ကျွန်တော့်ရဲ့ ကစားသမား သက်တမ်းတလျှောက် အားပေးလာတဲ့ သူတွေကိုလည်း တောင်းပန်ပါတယ်လို့ ကြားနာစစ်ဆေးမှုအပြီးမှာ ထုတ်ပြန်တဲ့ ၀ိန်းရူနီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စတော့ပို့ တရားရုံးကို ဒီကနေ့ လာရောက်တဲ့ ၀ိန်းရူနီကို တွေ့ရစဉ်

Credit : BBC Burmese



Follow us on