ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ (၇၃) ပွဲဆက် ဂိုးသွင်းယူနိုင်သောစံချိန်တစ်ခုကိုရရှိ ခဲ့ပြီး၊ (၁၉၆၃) ခုနှစ်က ဆန်းတို့စ်အသင်းရဲ့စံချိန်နဲ့တူညီခဲ့တာဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ် အသင်းဟာ စပိန်လာလီဂါပွဲစဉ် (၄) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲစဉ်မှာ (၃) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး၊နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ (၇၃) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်တစ်ခုကိုရရှိ ခဲ့တာဖြစ်ပါတယ်။ ယခုလို(၇၃) ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ (၁၉၆၃) ခုနှစ်က ဆန်းတို့စ်အသင်းရရှိခဲ့တဲ့ စံချိန်နဲ့တူညီသွားခဲ့တာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ဟာ (၂၀၁၆) ခုနှစ်၊ဧပြီလ (၃၀) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့အဝေးကွင်းပွဲစဉ်မှစတင်ကာ ဂိုးသွင်းယူနိုင်ခဲ့ပြီး၊နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ပွဲစဉ်မှာပဲ ယခုလို (၇၃) ပွဲဆက်ဂိုးသွင်းယူ နိုင်တဲ့ စံချိန်ကိုရရှိခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုစံချိန်ကိုရရှိခဲ့ပြီးတဲ့နောက်မှာ ဘာစီလိုနာ အသင်းရဲ့ (၄၄) ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကိုကျော်လွန်ခဲ့သလို၊ ဘိုင်ယန်မြူးနစ်အသင်းရဲ့ (၆၁) ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကိုကျော်လွန်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့(၇၃)ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ (၁၉၈) ဂိုးရရှိခဲ့ပြီး၊အဆိုပါ သွင်းဂိုးတွေထဲမှာ စီရော်နယ်ဒိုက (၄၉) ဂိုးအထိ သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ ဆန်းတို့စ်အသင်းဟာ (၁၉၆၂-၆၃) ဘောလုံးရာသီက ဆုဖလား(၂)လုံးရရှိပြီးတဲ့နောက်မှာ (၇၃)ပွဲဆက်ဂိုးသွင်းယူနိုင်တဲ့ စံချိန်ကိုရရှိခဲ့သလို၊ရီးရဲလ်မက်ဒရစ် အသင်းကလည်း လာလီဂါဆုဖလားနဲ့ချန်ပီယံလိဂ်ကိုရရှိခဲ့တဲ့ (၂၀၁၆-၂၀၁၇) ဘောလုံးရာသီပြီးတဲ့နောက်မှာ ယခုလို (၇၃)ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့စံချိန်ကိုရရှိခဲ့တာဖြစ်ပါတယ်။
ဆန်းတို့စ်အသင်းဟာ (၁၉၆၂)ခုနှစ်မှ(၁၉၆၃)ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ (၇၃) ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ပြီး၊(၂၄၅) ဂိုးအထိသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ စက်တင်ဘာလ (၂၁) ရက်နေ့မှာ ယှဉ်ပြိုင်ကစားမည့် ရီးရဲလ်ဘက်တစ်အသင်း နဲ့ပွဲစဉ်မှာ သွင်းဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့မယ် ဆိုပါက ဆန်းတို့စ်အသင်းရဲ့စံချိန်ကို ကျော်လွန်သွားနိုင်မှာ လည်းဖြစ်ပါတယ်။