1. Home
  2. Special or Others

စင်္ကာပူဂရန်းပရီပြိုင်ပွဲမှာဗိုလ်စွဲခဲ့ပြီးနောက် ဗက်တဲလ်နဲ့ရမှတ် (၂၈) မှတ်ထိကွာဟခဲ့တဲ့ ဟာမီတန်

Special or Others ก.ย. 20, 2560 view 1,659

မာစီဒီးအသင်းရဲ့ကားမောင်းသမားလူးဝစ်ဟာမီတန်ဟာ ယခုနှစ်ဖော်မြူလာဝမ်းရာသီရဲ့ (၁၄)ခုမြောက်ပြိုင်ပွဲ ဖြစ်တဲ့ စင်္ကာပူဂရန်းပရီပြိုင်ပွဲမှာဗိုလ်စွဲခဲ့ပြီး၊ ဒုတိယနေရာမှ ဗက်တဲလ်ကိုရမှတ် (၂၈) မှတ်အထိ ဖြတ်ထားနိုင်ခဲ့ တာဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ်ရဲ့ စင်္ကာပူဂရန်းပရီပြိုင်ပွဲကို စက်တင်ဘာလ (၁၇) ရက်နေ့ကကျင်းပခဲ့ပြီး၊အဆိုပါပြိုင်ပွဲမှာ မာစီဒီး အသင်းရဲ့ကားမောင်းသမား လူးဝစ်ဟာမီတန်က နံပတ်(၁)နေရာကပန်းဝင်ခဲ့တာဖြစ်ပါတယ်။ ဟာမီတန်အနေနဲ့ ယခုပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် ဒုတိယနေရာမှဖာရာရီကားမောင်းသမား ဗက်တဲလ်ကိုရမှတ် (၂၈) မှတ်အ ထိဖြတ်ထားနိုင်ခဲ့ပါတယ်။ ဖာရာရီအသင်းကားမောင်းသမား ဗက်တဲလ်အနေနဲ့ ယခုပြိုင်ပွဲမှာ ပထမနေရာမှဟာ မီတန်နဲ့ရမှတ်ကွာဟာမှုကို လျှော့ချဖို့ကြိုးစားခဲ့ပေမယ့်လည်း ပြိုင်ပွဲအစထဲက အသင်းဖော်ဖြစ်သူ ရွိုင်ကိုနန်နဲ့ တိုက်မိခဲ့တာကြောင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဗက်တဲလ်အနေနဲ့ ဘယ်လ်ဂျီယံဂရန်းပရီပြိုင်ပွဲမတိုင် ခင်က ဟာမီတန်ကို ရမှတ် (၁၄) မှတ်ဖြတ်ကာဦးဆောင်နိုင်ခဲ့ပေမဲ့၊ ဟာမီတန်က ဘယ်လ်ဂျီယံဂရန်းပရီပြိုင်ပွဲအ ပါအ၀င်နောက်ဆုံးကျင်းပခဲ့တဲ့ ဂရန်းပရီပြိုင်ပွဲ(၃)ခုစလုံးမှာဗိုလ်စွဲပြီးနောက် ရမှတ်(၂၈) မှတ်အထိ ကွာဟ အောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဟာမီတန်ဟာ (၂၀၁၇) ခုနှစ်အတွင်းကျင်းပခဲ့တဲ့ ဂရန်းပရီပြိုင်ပွဲ (၁၄) ခုမှာ (၇) ကြိမ်အထိဗိုလ်စွဲထားနိုင်ခဲ့သလို၊ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံဂရန်းပရီ၊ အီတလီဂရန်းပရီနဲ့ စင်္ကာပူဂရန်းပရီပြိုင်ပွဲ (၃) ခုမှာ (၃) ကြိမ်ဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ်၊ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲရဲ့ (၁၅) ခုမြောက်ပြိုင်ပွဲအဖြစ် မလေးရှားဂရန်းပရီပြိုင်ပွဲကိုတော့ အောက်တိုဘာလတစ်ရက် နေ့၊ မလေးရှားနိုင်ငံမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။



Follow us on