အာဂျင်တီးနားလူငယ်တိုက်စစ်မှူး ဒိုင်ဘာလားဟာ ဆာဆူအိုလိုအသင်းနဲ့ စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ် အသင်းအတွက် ပွဲ (၁၀၀) ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းလူငယ်တိုက်စစ်မှူး ဒိုင်ဘာလားဟာ ဆာဆူအိုလိုအသင်းနဲ့ပွဲစဉ်မှာ ဟက်ထရစ် ရယူနိုင်ခဲ့ပြီး အသင်းအတွက်ဂိုး(၅၀) ပြည့်မြောက်ခဲ့ပါတယ်။ ဒိုင်ဘာလားအနေနဲ့ ယခုနှစ်စီးရီးအေမှာ (၂)ကြိမ် မြောက်ဟက်ထရစ်ရယူနိုင်ခဲ့ပြီး ဆက်ဆူအိုလိုအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီသွင်းဂိုး(၂)ဂိုးအပါအ၀င် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒိုင်ဘာလားအနေနဲ့ သူရဲ့ဟက်ထရစ်ဖြစ်စေမယ့်သွင်းဂိုးကို အလွတ်တည်ကန် ဘောမှ လှလှပပကန်သွင်းယူနိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းအတွက် ဂိုး(၅၀)မြောက်သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒိုင်ဘာလားဟာ ဆာဆူအိုလိုအသင်းကို (၃)ဂိုး၊(၁)ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲစဉ်မှာ သွင်းဂိုး(၅၀)ပြည့်မြောက် ခဲ့သလိုဂျူဗင်တပ်အသင်းအတွက်ပွဲ(၁၀၀) ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ(၂၀၁၅-၁၆)ရာသီက ဂျူဗင် တပ်စ်အသင်းကို စတင်ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းရဲ့အရေးပါဆုံးကစားသမားအဖြစ်ရှိနေပါတယ်။
ဒါ့အပြင်အ သင်းရဲ့အောင်မြင်မှုတွေမှာအဓိကနေရာမှရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ အောင်မြင်မှုတွေမှာ အဓိကနေရာမှာရှိနေ သူဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ နိုင်ပွဲထပ်မံရယူ နိုင်ခဲ့တာကြောင့် (၄)ပွဲဆက်ရာနှုန်းပြည့် နိုင်ပွဲရယူနိုင်ခဲ့ပြီး ရမှတ်(၁၂)မှတ်နဲ့စီရီးအေ အမှတ်ပေးဇယားအဆင့် (၂)နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ဒိုင်ဘာလားဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ပစ်မှတ်ဖြစ်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်း ကို ပြောင်းရွှေ့သွားခဲ့တဲ့နေမာနေရာမှာအစားထိုးနိုင်ဖို့အတွက် ခေါ်ယူချင်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ပြီးဆုံး ခါနီးမှာတော့ ပစ်မှတ်ကစားသမားတွေထဲက ဒမ်ဘီလီကိုသာ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။