1. Home
  2. Special or Others

ဝိတ်ချင်းကွာပေမယ့် ဘဝရဲ့မှတ်တိုင်ဖြစ်မယ့် ပွဲပါဆိုတဲ့ အောင်လအန်ဆန်း

Special or Others ก.ย. 20, 2560 view 1,382

မြန်မာပရိသတ်တို့ရဲ့ အသည်းစွဲ ကချင်လူမျိုး သိုင်းပေါင်းစုံ အားကစားသမား အောင်လအန်ဆန်း က လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့၊ ရန်ကုန်မြို့မှာ ထိုးသတ်မယ့် ဝိတ်တန်းမတူတဲ့ ပွဲအတွက် ကြိုးစားယှဉ်ပြိုင်သွားမည့်အကြောင်း သူ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

ပရိသတ်ကြီးဗျာ…..
အခုတော့ ONE CHAMPIONSHIP ပွဲကနိုဝင်ဘာလ ၃ ရက်နေ့မှာ
Alain Ngalani ဆိုတဲ့ ကျွန်တော့်ထက် weight ကြီးတဲ့ ဘဲကြီးနဲ့ ထိုးရမှာဗျ…
The Panther ဆိုပြီးတော့လည်းခေါ်ကြတယ်…
သူ့ရဲ့ အဓိက လူသိများတဲ့ အချက်ကတော့ လျင်မြန်မှု နဲ့ သူ့ရဲ့ခြေကန်ချက်ပါပဲ…
သူဟာ MMA မှာ ၇ ပွဲ တိတိ ယှဉ်ပြိုင်ထိုးသတ်ထားပြီး ၃ ပွဲနိုင် ၃ ပွဲရှံး ထားတဲ့သူ တစ်ယောက်ပါ…
Alain Ngalani ဟာ လွယ်လွယ်နဲ့ အနိုင်ယူလို့
ရလောက်မယ့် ပြိုင်ဘက် မျိုးတော့ မဟုတ်ဘူး…
ကျွန်တော့်ဘဝအတွက်သမိုင်းဝင်စေမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာ အသေအချာပါပဲ…
ဘဝမှာစိန်ခေါ်မှုတွေ အများကြီးရှိနေတာဟာ ကျွန်တော်တို့ကို ပိုပြီးစွမ်းဆောင်နိုင်တဲ့
လူသားတွေအဖြစ် တွန်းပို့ပေးပါတယ်…
ကျွန်တော် တစ်ခုပြောချင်တာကတော့ ဒီပွဲကြီးက ခက်ခဲမယ်ဆိုပေမယ့်လည်း မြန်မာပရိသတ်တွေရဲ့ အရှေ့မှာ ယှဉ်ပြိုင်ခွင့်ရတာကိုပဲ ကျွန်တော့်အတွက် တစ်ကယ့်ကို အားတက်စေပါတယ်…
မြန်မာ့ဂုဏ်ဆောင် တစ်ယောက်ဖြစ်အောင် အကောင်းဆုံး ကြိုးစားသွားပါ့မယ်လို့ ကတိပေးပါတယ်ဗျာ…
အားလုံးရဲ့ အားပေးဆုတောင်းမှုနဲ့ အတူ ကျွန်တော် ဒီပွဲကို အကောင်းဆုံး ယှဉ်ပြိုင်သွားပါ့မယ်…
နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြန်တွေ့ကြမယ်ဗျ…


အောင်လအန်ဆန်းနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမည့် Alian Ngalania က ဟဲဗီးဝိတ်တန်းဖြစ်ပြီး ချန်ပီယံ လေးကြိမ်ဖြစ်ထားဖူးတဲ့ ကင်မရွန်းနွယ်ဖွားဖြစ်ပြီး ဟောင်ကောင်ကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

သူတို့နှစ်ဦး၏ ယှဉ်ပြိုင်မှုကို နိုဝင်ဘာလ ၃ ရက်နေ့ သူဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
 



Follow us on