1. Home
  2. Special or Others

မြောက်ကိုရီးယားနိုင်ငံသား ကျွမ်းဘားအားကစားသမားတဦးဟာ စံချိန်တင် သရုပ်ပြတင်ဆက်ချိန်မှာ ဦးခေါင်းနဲ့ ထိုးကျခဲ့ပြီး လည်ပင်းကျိုးခဲ့ရ(ရုပ်သံ)

Special or Others ก.ย. 20, 2560 view 1,563

မြောက်ကိုရီးယားနိုင်ငံသား ကျွမ်းဘားအားကစားသမားတဦးဟာ စံချိန်တင် သရုပ်ပြတင်ဆက်ချိန်မှာ ဦးခေါင်းနဲ့ ထိုးကျခဲ့ပြီး လည်ပင်းကျိုးခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ မော်စကိုနိုင်ငံမှာ ကျင်းပတဲ့ Idol-2017 အမည်ရတဲ့ ဆပ်ကပ်စွမ်းရည်ပြပွဲတော်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အမည်ဖော်ပြမထားတဲ့ အဲဒီကျွမ်းဘားသမားမှာ ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့တာပါ။

သူဟာ ကမ္ဘာ့စံချိန်တင် အားထုတ်မှုအဖြစ် ခြောက်ဆင့်ကျွမ်းဘားပြကွက် သရုပ်ပြတင်ဆက်ချိန် ဒုတိယအကျော့မှာ ခုလိုဖြစ်ခဲ့ရတာလို့ သတင်းက ဆိုပါတယ်။ စတိတ်စင်ပေါ်မှာ သတိလစ်မေ့မြောသွားခဲ့တဲ့ အဲဒီကျွမ်းဘားသမားကို အရေးပေါ် ကယ်ဆယ်ရေးသမားတွေက ခေါ်ထုတ်သွားခဲ့ကြချိန်မှာ ပရိသတ်တွေက လက်ခုပ်တွေ တီးနေခဲ့ကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူ့ကို ဆေးရုံပို့ဆောင်ထားခဲ့ပြီး အသေးစိတ်အခြေအနေတွေကိုတော့ မသိနိုင်သေးပါဘူး။

Credit : burmese.dvb.no



Follow us on