1. Home
  2. Myanmar News

စည်းကမ်းမဲ့အမှိုက်စွန့်ခြင်းအတွက် ကြိမ်ဒဏ်ပေးခြင်းက အကောင်းဆုံးဟု မြို့တော်ဝန်ပြော

Myanmar News ก.ย. 21, 2560 view 1,579

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများကို ဒဏ်ငွေဆောင်ခိုင်းခြင်းထက် ကြိမ်ဒဏ်ပေးခြင်းက အကောင်းဆုံးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပသော တိုင်းဒေသကြီးအစည်းအဝေးတွင် ပြောကြားလိုက်သည်။

ဒဏ်တပ်တဲ့ကိစ္စမှာ ကျွန်တော်တို့ ဒဏ်တပ်နေရုံနဲ့ မပြီးပါဘူး။ ချမ်းသာလေ စည်းကမ်းပျက်လေလေ၊ ဒဏ်ငွေဆောင်နိုင်ရင်ပြီးရော ဆိုတာမျိုးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောတာ။ ငွေရဖို့ထက် စည်းကမ်းရှိဖို့က အရေးကြီးပါတယ်။ လောလောဆယ်ကတော့ စည်းကမ်းပျက်ရင် အချုပ်ခန်းထဲထည့်နိုင်မယ်။ ဒါမှမဟုတ် ကြိမ်ဒဏ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်ထိ အမှိုက်သိမ်းယာဉ် ၁၁၅ စီး ဝယ်ယူဖြည့်စည်းခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နမိတ်အတွင်း တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၅၀၀ ခန့် သိမ်းဆည်းနေရကြောင်း သိရှိရသည်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေနဲ့ ပက်သက်ပြီး ပညာပေးရုံနဲ့မရပါဘူး။ အရေးယူဆောင်ရါက်မှဒတွေလည်း ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုကလည်း လိုက်နာပြီး စည်းကမ်းတကျအမှိုက်စွန့်ပစ်ရေးကို ပြည်သူတွေအနေနဲ့ အလေးထားလာမှာဖြစ်ပါတယ်” ဟု မရန်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

သတင်းကောက်နုတ် - ဒီမိုကရေစီတူဒေး
 



Follow us on