1. Home
  2. Myanmar News

ရန်ကုန်မြို့တွင် ယာဉ်ရပ်နားခများ ကောက်ခံတော့မည်

Myanmar News ก.ย. 21, 2560 view 1,504

ရန်ကုန်မြို့တွင် စည်ကမ်းမဲ့ ယာဉ်ရပ်နားမှုများ လုပ်ဆောင်နေကြသည့်အတွက် ကားပါကင်များကို စနစ်တကျရှိစေရန် ဆောင်ရွက်ပြီး ယာဉ်ရပ်နားခွင့် ကောက်ခံရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ပြောကြားသည်။

စက်တင်ဘာ ၂၀ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပန်းပဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းဒေသကြီး မြို့တွင်း ၆ မြို့နယ်တွင် မော်တော်ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် သက်ဆိုင်ရာဌါနများနှင့်ညှိနှိုင်း၍ မျဉ်းဝါတားပါကင်နေရာများ ဆောင်ရွက်ပေးရန်အစီစဉ် ရှိ၊ မရှိ မေးမြန်ခဲ့သည့် မေးခွန်းကို မြို့တော်ဝန်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေမှာလည်း ကားပါကင်တွေနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့က ဝန်ဆောင်ခ မယူတဲ့အတွက်ကြောင့် သူတို့ရဲ့ နီးစပ်ရာ ဥပဒေမဲ့၊ စည်းကမ်းမဲ့၊ ခွင့်ပြုချက်မရှိပဲ လိုအပ်သလို ကားပါကင် ငှားပြီးတော့ ပေးနေတာတွေ တွေ့နေရတယ်။ အဲဒီတော့ ဒါတွေကို စနစ်တကျကားပါကင်တွေထားပြီး ကားရပ်နားခွင့် ကောက်ခံဖို့ စီစဉ်နေပါတယ်” ဟု ဖြေကြားခဲ့သည်။

သတင်း - ဒီမိုကရေစီတူဒေး
 



Follow us on