1. Home
  2. Football

ဒဏ်ရာပြဿနာတွေထဲက ရုန်းမထွက်နိုင်သေးတဲ့ ၀ဲလ်ဘတ်

Football ก.ย. 21, 2560 view 1,473

အာဆင်နယ်တိုက်စစ်မှူးဝဲလ်ဘတ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ အမြဲရုန်းကန်ရလေ့ရှိတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး၊ လက်ရှိမှာလည်း ဒဏ်ရာထပ်မံရရှိခဲ့တာကြောင့်အနားယူရဦးမှာဖြစ်ပါတယ်။ဝဲလ်ဘတ်ဟာ ချဲလ်ဆီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ် ပါတယ်။

ဝဲဘတ်လ်ဟာ ဒဏ်ရာပြဿနာတွေနဲ့ အမြဲရုန်းကန်နေရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ၀ဲလ်ဘတ်ဟာ ချဲလ်ဆီးအသင်းနဲ့ဂိုးမရှိသရေကျတဲ့ ပွဲစဉ်မှာပေါင်ခြံဒဏ်ရာရရှိခဲ့ပြီး၊ အသင်းကဆေးစစ်မှုပြုလုပ်အပြီးမှာ တစ်လခန့်အနားယူရဖွယ်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ၀ဲလ်ဘတ်ဟာ အာဆင်နယ်အသင်းအတွက်ကစားခဲ့တဲ့ဘောလုံးရာသီ (၃) ရာသီအတွင်း မှာ (၅၄) ပွဲသာကစားခွင့်ရခဲ့ပြီး၊ ဒဏ်ရာပြဿနာကြောင့်ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့ရတာဖြစ်ပါ တယ်။

မန်ယူအသင်းမှ အာဆင်နယ်အသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ ၀ဲလ်ဘတ်ဟာ မန်ယူအသင်းမှာကစားခဲ့စဉ် ကလည်း ကစားခဲ့တဲ့ (၃)ရာသီအတွင်းဘောလုံးရာသီတစ်ရာသီအပြည့်မကစားခဲ့ရတဲ့ မှတ်တမ်းတွေရှိထား သူဖြစ်ပါတယ်။ ခြေထောက်နေရာအနှံ့လည်းဒဏ်ရာရရှိဖူးသူဖြစ်ပြီး ဒဏ်ရာဟောင်းတွေပြန်လည်ဖြစ်ပေါ်တတ် တဲ့ကစားသမားတစ်ဦး လည်းဖြစ်ပါတယ်။ ပေါင်ခြံဒဏ်ရာရရှိခဲ့တဲ့ဝဲလ်ဘတ်ဟာယခင်ကလည်းပေါင်မှာဒဏ်ရာ ဖြစ်ခဲ့ဖူးတဲ့မှတ်တမ်းရှိပြီး၊(၂၀၁၁) ခုနှစ်နဲ့ (၂၀၁၄)ခုနှစ်တုန်းက ပေါင်ကြွက်သားဒဏ်ရာကြောင့်အနားယူခဲ့ရဖူးပါ တယ်။ (၂၀၁၇) ခုနှစ်၊ ဧပြီလတုန်းကလည်း ခြေချောင်းရိုးကျိုးဒဏ်ရာကြောင့် အနားယူခဲ့ရပြီးဒဏ်ရာတွေ ကြောင့် ကစားသမားရဲ့ကြံ့ခိုင်မှုပိုင်းကျဆင်းခဲ့ပါတယ်။ မကြာခဏဒဏ်ရာပြဿနာတွေရင်ဆိုင် နေရတဲ့ဝဲလ်ဘတ်ဟာ သူရဲ့ကစားသမားဘ၀တစ်လျှောက်မှာ ဒဏ်ရာကြောင့်ပွဲပေါင်း (၉၄) ပွဲအထိလွဲချော်ခဲ့ရ ပါတယ်။



Follow us on