1. Home
  2. Movie Stars - Celebrity

ရာဇ၀င်ရိုင်းခဲ့သည် ဇာတ်ကားပြီးဆုံးကြောင်းကို ပရိသတ်စိတ်ဝင်စားလောက်မယ့်ဓာတ်ပုံတွေနဲ့ ဆွဲဆောင်ခဲ့တဲ့ ဇေရဲထက်

Movie Stars - Celebrity ก.ย. 21, 2560 view 2,452

ပရိတ်သတ်စိတ်ဝင်စားခံရလေ့ရှိတဲ့ မင်းသား ဇေရဲထက်တစ်ယောက်ကတော့ ပညာပေးကားလေး တစ်ကားကို မိတ်ဆက်လာပြန်ပါပြီ။နာမည်ကျော် မင်းသား ဇေရဲထက်က ရာဇဝင် ရိုင်းခဲ့သည် လို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အောင်မြင်စွာ ရိုက်ကူးခဲ့ပြီဖြစ်ကြောင်း ဇာတ်ဝင်ခန်းပုံတွေတင်ပြီး ပြောလိုက်ပါတယ်။

အကြောင်းတစ်ခုခုဖြင့် နာမည်ကြီးလာတတ်သော ဇေရဲထက်က ဒီတစ်ခါလည်း စိတ်ဝင်စားစရာ ဇာတ်ဝင်ခန်းပုံတွေ တင်လိုက်တာဖြစ်ပါတယ်။

(စက်တင်ဘာလ ၂၀) ရက်မှာ ဇေရဲထက်က သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာကနေ “ရာဇဝင် ရိုင်းများ ရိုင်းခဲ့လေသလားဟင်” လို့ မေးပြီး ပရိတ်သတ်ကို ဓာတ်ပုံတွေချပြခဲ့သည်။

ဒီဇာတ်ကားကြီးကို ဒါရိုက်တာ ရွှေရေးထင်ထင်က ရိုက်ကူးထားပြီး ရဲအောင်၊ ခင်ဇာခြည်ကျော်၊ ဇင်ဇင်ဇော်မြင့်နဲ့ အောင်လေးတို့လည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဇေရဲထက်က ပြောသည်။

အရမ်းကောင်းပြီး ပညာပေးကားလေး တစ်ကားလည်း  ဖြစ်ပါတယ်လို့လည်း ဇေရဲထက်က အမွှန်းတင်ထားသည်ကို တွေ့ရသည်။ ပရိတ်သတ်တွေကတော့ ဓာတ်ပုံတွေ မြင်ရတာနဲ့တင် စိတ်လှုပ်ရှား စိတ်ဝင်စားနေကြပြီဖြစ်သည်။ အချို့ကလည်း ဒီလိုပုံတွေကို မတင်ဖို့ မှတ်ချက်ပေးနေကြသည်။

Follow us on