မကြာခင်သီတင်းကျွတ်တော့မယ်ဆိုတော့ မင်္ဂလာဆောင်ဖို့ အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲတွေအတွက် Pre Wedding ဓါတ်ပုံတွေကို သူများနဲ့မတူ တမူထူးထူးခြားခြား ရိုက်ချင်သူတွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
Pre Wedding ပုံတွေကို ကမ်းခြေမှာ၊ ဘုရားကျောင်းမှာ၊ လှေကားထစ်တွေမှာ၊ အမေစုရဲ့ ခြံရှေ့မှာ ရိုက်တာတွေက ရိုးလွန်းပါတယ်။ ဂျပန်နိုင်ငံက ဓါတ်ပုံဆရာ Haruhiko Kawaguchi က စုံတွဲတွေကို ထူးထူးခြားခြား ပလပ်စတစ်အိပ်ထဲ သွပ်ပြီး ရိုက်ထားတဲ့ ပုံလေးတွေက ဘဝမှာ အထူးခြားဆုံး Pre Wedding ပုံလေးတွေ ဖြစ်မှာ သေချာပါတယ်။