1. Home
  2. Myanmar News

သီတင်းကျွတ်ချိန်မှာ မီးထွန်းပူဇော်ဖို့ ဈေးကွက်မှာ ဖယောင်း တိုင်အသစ်အဆန်းလေးတွေ စတင်ဝယ်ယူနိုင်ပြီ

Myanmar News ก.ย. 21, 2560 view 1,609

သီတင်းကျွတ်ချိန်မှာ မီးထွန်းပူဇော်ဖို့ ဈေးကွက်မှာ ဖယောင်း တိုင်အသစ်အဆန်းလေးတွေ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ “အခုချိန်ကတည်းက စရောင်းတယ် ဆိုတာက အနားနီးမှဆိုရင် ဟိုလူကလဲ ရောင်းမယ်၊ ဒီလူကလဲ ရောင်းမယ်ဆိုတော့ ပစ္စည်းလဲရှားတယ်၊ ဈေးလဲ ပိုကြီး နိုင်တယ်၊ အဲဒါကြောင့် အခုကတည်းက စရောင်းတာပါ၊  အရင်နှစ်တုန်းက ပေါ်တဲ့ ပစ္စည်းက အသည်းပုံဖယောင်းတိုင်လေးတွေ ဘာတွေ ပေါ်တယ်၊ အခုပေါ်လာတာ ကျ တော့ သစ်သီးပုံလေးတွေပေါ်တယ်၊ တစ်ကတ်မှာဆို လေးလုံးပါတယ်၊ ၃၀ဝ၀ ပေါ့၊ ရောင်းဈေးက အဲဒီလိုမျိုးပါ ”လို့ စံပြ ဈေးရုံ ထဲမှာ ဖယောင်းတိုင်၊ အမွှေးတိုင်တွေကို ရောင်းချနေသူ မကြည်စင်က ပြောပါတယ်။

အရင်နှစ်က ပေါ်တာကတော့ အသည်းပုံ ဖယောင်းတိုင် အသေးလေး တွေ ဖြစ်ပြီး  အခုနှစ်မှာတော့ သစ်သီးပုံစံ မျိုးစုံကို အနံ့လေးတွေပါ ပါဝင်လာတာ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း လေးလုံးတစ်ကတ်ကို ၃၀ဝ၀ သာရှိတာ ဖြစ်ပြီး အွန်လိုင်းရှော့ပင်းတွေ တော်တော်များများမှာ ရောင်းချနေပြီဖြစ်ပါတယ်။ သီတင်းကျွတ်မတိုင်ခင် ရောင်းချရတာကတော့ အနားနီးတယ်ဆိုရင် ဈေးနှုန်းတွေ ပိုပြီးတက်လာနိုင်သလို ဝယ်ယူသူတွေ များလာမှာကြောင့် ပစ္စည်းရှားပါးမှာ ဖြစ်တာကြောင့် အခုကတည်းက ကြိုတင်ရောင်းချနေ တာဖြစ်ပါတယ်။

 လိမ္မာ

Credit : kumudranews



Follow us on