1. Home
  2. Myanmar News

ဘင်္ဂါလီအရေး မြန်မာနိုင်ငံကို ဖိအားပေးသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာ ပြောကြား

Myanmar News ก.ย. 22, 2560 view 1,639

နိုင်ငံတကာ ရွှေ့ပြောင်းအ ခြေချမှုအဖွဲ့ကြီး(IOM)၏ ညွှန် ကြားရေးမှူးချုပ် ဝီလီယံ လေစီ ဆွင်းနှင့် တွေ့ဆုံချိန်တွင် သူက ယခုလို တောင်းဆိုခြင်း ဖြစ်သည်။ ပြန်ကြားရေးဝန်ကြီး ရှာဟီဒူလ် ဟာကူးက စက်တင်ဘာ ၂၀ ရက် က ဟာဆီနာနှင့် ဝီလီယံလေစီတို့ ဆွေးနွေးမှုနှင့်ပတ်သက်၍ သ တင်းထောက်များနှင့်တွေ့ဆုံချိန် တွင် အတည်ပြုမှတ်ချက်ပေး သည်။

ဘင်္ဂါလီ (မူရင်းတွင် ရိုဟင် ဂျာဟု သုံးနှုန်း)တွေဟာ သူတို့နေ ရပ်ကိုပဲ ပြန်ရပါလိမ့်မယ်။ နိုင်ငံ တကာက ဝိုင်းဝန်းပြီး ဖိအားပေးမှု မျိုးကို ဖန်တီးနိုင်မှသာ မြန်မာဘက်က သူတို့နိုင်ငံသားတွေကို ပြန်ခေါ်မှာ ဖြစ်တယ်လို့ ဝန်ကြီး ချုပ်က မှတ်ချက်ပေးခဲ့ပါတယ်” ဟု ဟာကူးက ပြောကြားသည်။

ဟာဆီနာသည် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆက်စပ် အစည်းအဝေး တစ်ရပ်အဖြစ် OIC အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံရာ တွင် ဘင်္ဂါလီဆိုသော ဝေါဟာရ သည် မြန်မာအစိုးရ၏ ဝါဒဖြန့်အ သုံးအနှုန်းတစ်ရပ်ဖြစ်ပြီး ရိုဟင်ဂျာဟုသာ သတ်မှတ်ခေါ်ဝေါ်ရေး တောင်းဆိုရန် တင်ပြခဲ့ကြောင်း bdnews 24 သတင်းဌာနတွင် ဖော်ပြသည်။ မွတ်စလင်နိုင်ငံများ စုဖွဲ့ထားသည့် OIC  အစည်းအဝေး တွင် ဟာစီနာက ဘင်္ဂါလီဒုက္ခ သည်များကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရန် အပါအဝင် အချက်ခြောက်ချက် တင်ပြဆွေးနွေး ခဲ့သည်။

ဟာဆီနာသည် ယခုအခါ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ရောက်ရှိနေသည်။

သတင်း - 7DayDaily
 



Follow us on