1. Home
  2. Woman To Woman

ရှေးယခင်ခေတ်ထဲကပြုလုပ်ကြတဲ့အလှအပနည်းလမ်းများ

Woman To Woman มิ.ย. 10, 2558 view 1,554

ရှေးယခင်ခေတ်ထဲကပြုလုပ်ကြတဲ့အလှအပနည်းလမ်းများ  

မျက်နှာက သဘာဝအရ ပြည့်ပြည့်၀၀ဖြစ်နေတာမဟုတ်ပဲ ပွစိစိဖူးရောင်ရောင်ဖြစ်နေမယ်ဆိုရင်ရေဓာတ်ပါပြီးအေးစေမည့် သခွားသီးခြမ်းလေးတွေကိုတင်ထားခြင်းဖြင့် အသားရေအေးပြီးတော့ချောမွေ့ကျစ်လျစ်လှပစေပါတယ်။နှင်းဆီအနီ ပွင့်ဖတ်လေးတွေကိုလဲ လက်ဖ၀ါးပေါ်မှာကျေအောင်ချေပြီးတော့ ထွက်လာတဲ့အရေကို နှုတ်ခမ်းလွှာလေးတွေပေါ်မှာမကြာခဏလိမ်းပေးခြင်းဟာလဲ နှုတ်ခမ်းလေးတွေဟာ သဘာဝအတိုင်းစိုပြည်လှပနေစေပြီး နှင်းဆီရောင်သန်းနေတဲ့ သဘာဝနှုတ်ခမ်းလေးကို ပိုင်ဆိုင်နိုင်မှာပါ။မျက်နှာပေါ်မှာလိမ်းခြယ်ထားတာတွေကို ဖယ်ရှားဖို့အတွက်ဆိုရင် မျက်နှာသစ်ရာတွင်လည်းရေအေးလေးနဲ့ စိမ့်စမ်းရေ ကဲ့သို့ အေးမြတဲ့ရေလေးတွေနဲ့သစ်ပေးသင့်ပါတယ်။ရေအေးနဲ့ မျက်နှာသစ်ခြင်းရေချိုးခြင်းပြုလုပ်တဲ့သူတွေဟာဆိုရင် ရေအေးရဲ့ ဓါတ်သဘာဝကြောင့် သွေးကြောလေးတွေမြင်ရစေပြီး လှပစေမှာပါ ။မျက်နှာ ၊မျက်ခုံး ၊မျက်တောင်မွှေးလေးတွေကို မအိပ်ခင်ဆီမွှေးလေးတွေလိမ်းပေးခြင်းဖြင့် မျက်ခုံး၊မျက်တောင်လေးတွေကို ကော့ညွှန့်၊ နက်မှောင်စေပြီး မျက်နှာကိုပါ နူ့းညံ့စေပါတယ်။ဆံပင်ကို baby ပေါင်ဒါမှုန့်လေးတွေဖြူးဖြူးပြီး ပွတ်သပ်ပေးမယ်ဆို ရင် ဆံပင်မှာ ကပ်နေတဲ့ ဂျီးတွေ အဆီတွေ ကိုပျောက်ကင်းစေပြီ ဆံပင်အဆီပြန်ခြင်းကိုလဲ သက်သာစေပါတယ်။သကြားဓာတ်ဟာလဲ လိုအပ်တဲ့ skincare တစ်ခု ဖြစ်ပါတယ်လို့ ရှေးခေတ်တွေကပြောကြပါတယ်။ရှေးယခင် ကခေါင်းလျှော်ပြီးရင် hairdryer မသုံးပဲနူ့ညံ့တဲ့အ၀တ်လေးနဲ့ဖုံးအုပ်ပြီးလိပ်ခွေထားခြင်းဖြင့် ဆံပင်ကို အမြန်ခြောက်စေပြီး ဆံပင်ကောက်ထားသလိုလေးလဲဖြစ်စေပါတယ်။ထိုနည်းလေးကတော့ အရင်ခေတ်ရဲ့ ဆံပင်ကောက်နည်းလေးပဲဖြစ်ပါတယ်။ထိုနည်းလမ်းလေးတွေက ယခင်ဘွားဘွားတို့ခေတ်တွေက အသုံးပြုခဲ့ကြတဲ့မှတ်သားဖွယ်ရာနည်းလေးတွေပဲ ဖြစ်ပါတယ်



Follow us on