1. Home
  2. Good Morning Myanmar

မက္ကဆီကိုငလျင်ကြောင့် သေဆုံးသူဦးရေ(၂၀၀)ကျော်ရှိလာ

Good Morning Myanmar ก.ย. 22, 2560 view 1,387

စက်တင်ဘာလ(၁၉)ရက်က မက္ကဆီကိုနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား(၇) ဒဿမ(၁)မဂ္ဂနီကျူအဆင့်ရှိငလျင်ကြောင့် သေဆုံးသူဦးရေဟာ အယောက်(၂၀၀)ကျော်အထိ မြင့်တက်လာခဲ့ပါတယ်။အစောပိုင်းတုန်းက သေဆုံးသူဦးရေဟာ အယောက်(၂၅၀)လောက်အထိ ရှိတယ်ဆိုပေမယ့် မက္ကဆီကိုနိုင်ငံအမျိုးသားကာကွယ်ရေးပူးပေါင်းအဖွဲ့ရဲ့စိစစ်မှုအပြီးမှာတော့ သေဆုံးသူဦးရေဟာ (၂၁၆)ဦးရှိခဲ့တယ်လို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ငလျင်ဒဏ်ကြောင့် မြို့တော်မက္ကဆီကိုမြို့တော်က အဆောက်အဦးဒါဇင်ချီပြိုကျခဲ့ပြီး ကျောင်း(၁)ကျောင်း ပြိုကျခဲ့တာကြောင့် ကလေးတွေလည်း သေဆုံးခဲ့ပါတယ်။မော်ရေးလို့စ်နဲ့ ပူဗလာပြည်နယ်တွေနဲ့မက္ကဆီကိုပြည်နယ်တွေမှာ အပျက်အစီးတွေများတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ယခုလအစောပိုင်းတုန်းကလည်း မက္ကဆီကိုနိုင်ငံမှာ ပြင်းအား(၈)ဒဿမ(၁)မဂ္ဂနီကျူ အဆင့်ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ သေဆုံးသူဦးရေ(၉၀)ကျော်ရှိခဲ့ပါတယ်။

ငလျင်ဗဟိုချက်ဟာ ပူဗလာပြည်နယ်က အာတန်ဇင်ဂိုမြို့နားမှာ ရှိခဲ့တာဖြစ်ပြီး မြေအောက်အနက်(၅၁)ကီလိုမီတာ အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်ဘူမိဗေဒစာရင်းအင်းဌာနက ပြောပါတယ်။ အဓိကဓာတ်ငွေပိုက်လိုင်းတွေ ပေါက်ကွဲဖွယ်ရှိနေတဲ့အတွက် ဒေသခံတွေကို လမ်းပေါ် မှာ ဆေးလိပ်မသောက်ကြဖို့အာဏာပိုင်တွေက သတိပေးပြောဆိုထားပါတယ်။ငလျင်ဒဏ်သင့် ဒေသတွေဟာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်ရမယ့်ဒေသတွေအဖြစ် မက္ကဆီကိုသမ္မတ ပီနာနေးတိုကကြေညာခဲ့ပြီးမက္ကဆီကိုစစ်တပ်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။



Follow us on