1. Home
  2. Good Morning Myanmar

လန်ဒန်မြို့ လက်လုပ်ဗုံးပေါက်ကွဲမှု သံသယရှိသူ(၂)ဦးထပ်မံဖမ်းမိ

Good Morning Myanmar ก.ย. 22, 2560 view 1,410

လန်ဒန်မြို့မြေအောက်ရထားဘူတာရုံမှာ ဖြစ်ပွားခဲ့တဲ့ လက်လုပ်ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက် နေတယ်လို့ သံသယရှိ သူနောက်ထပ်(၂)ဦးကို ဗြိတိန်ရဲတပ်ဖွဲ့ထပ်မံဖမ်းဆီးလိုက်ပြီး အကြမ်းဖက်မှုနဲ့ ပတ်သက်နေသူ(၅)ဦးကို ဖမ်းဆီးထားပြီဖြစ်ပါတယ်။ အခုလို မသင်္ကာသူ(၂)ဦးကို ဖမ်းဆီးမှုကိုတော့ ဝေလနယ်တောင်ဘက်မှာ ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။အဖမ်းခံရသူတွေဟာ အသက်(၄၈)နှစ်ရှိသူတစ်ဦးနဲ့ အသက်(၃၀)ရှိသူတစ်ဦးတို့ ဖြစ်ပြီး ဖမ်းခံရသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ရဲတပ်ဖွဲ့ကပြောကြားထားခြင်းမရှိပါဘူး။

ပေါက်ကွဲမှုနဲ့ပတ်သက်နေတယ်လို့ ယူဆရသူ စုစုပေါင်း(၅)ဦးကို ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ဝေလနယ်အရှေ့တောင်ပိုင်း နယူးပို့တ်မြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အကြမ်းဖက်မှု ဆိုင်ရာဥပဒေနဲ့ထိန်းသိမ်းအရေးယူထားတယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။နယူးပို့မြို့မှာ အကြမ်းဖက်တွေနေထိုင်တဲ့ နေရာ(၂)ခုကို ရှာဖွေရေးတွေလုပ်ဆောင်နေပါတယ်။ ပါဆန်ဂရင်းဘူတာရုံမှာ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူအယောက်(၃၀)ရှိခဲ့ပါတယ်။

အကြမ်းဖက်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိတယ်ဆိုတာကို အချက်အလက် အပြည့်အစုံနဲ့ဖော်ထုတ်ဖို့ စုံစမ်းမှုတွေပြုလုပ်နေတယ်ဆိုပြီး လန်ဒန်မြို့အကြမ်းဖက်မှုတုံ့ပြန်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် ရဲမှုးဒင်းဟေဒန်က ပြောပါတယ်။အကြမ်းဖက်တွေနဲ့ပတ်သက်မှုရှိနေတယ်လို့ ယူဆရတဲ့ ဗြိတိန်နိုင်ငံတောင်ပိုင်းက ဆူရေးမြို့က နေရာ(၂)ခုမှာလည်း ရှာဖွေရေးလုပ်ငန်းတွေလုပ်ဆောင်နေပြီး ရှာဖွေရေးလုပ်ငန်းတွေဟာ ရက်အနည်းငယ်ကြာနိုင်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။



Follow us on