1. Home
  2. Movie Stars - Celebrity

Galaxy Star ပြိုင်ပွဲမှာ SMS Vote ရဲ့ အရေးပါမှုကိုသိလိုက်ရတယ်လိုပြောတဲ့ အဆိုတော် နေမင်းအိမ်

Movie Stars - Celebrity ก.ย. 22, 2560 view 1,702

Galaxy star Winner  ဖြစ်သွားတဲ့ အဆိုတော် နေမင်းအိမ်ကိုဆုကြေးငွေ သိန်း၁၀၀၀ ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့ ရန်ကုန်မြို့  Sule Shangri-La Hotel Yangon မှာနေလည် ၃နာရီက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို Galaxy Star  မှာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာနယ်ဇင်း မီဒီယာမှတာ ၀န်ရှိသူများတတ်ရောက်အားပေးခဲ့ကြောင်းသိရပါတယ်။

ဆုရရှိခဲ့တဲ့ အဆိုတော် နေမင်းအိမ်က ( အကောင်းဆုံးကြိုးစားခဲ့ပေမယ့် လိုအပ်ချက်တွေအနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ဘက်ကနေ တောက်လျောက် အားပေးခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေကေဲာပည်ပမှာရှိတဲ့ ပရိသတ်တွေကောက ပေးခဲ့လို့ ကျွန်တော် Winner  ဆုကိုရခဲ့တယ်လိုထင်ပါတယ်။ပြိုင်ပွဲတစ်လျောက်မှာ Vote  ပေးတာတွေကိုကြည့်မယဆိုရင်သိသာပါတယ်၊ ပရိသတ်တွေက ပေးတဲ့ Vote  တွေရှိမယ် ၊ SMS  တွေရှိမယ်၊ ဒိုင်တွေက ပေးတဲ့ Vote  တွေရှိမယ် အဲအချိန်မှာ သီချင်း ၂ ပုဒ်ဆိုပြီးတဲ့အချိန် မှာ ဒိုင်တွေက ပေးတဲ့ Vote  မှာလဲ ၃ မှတ်လျော့နေတယ်၊ ကျွန်တော်ကိုယ်တိုင် SMS Vote  ရဲ့အရေးပါမှု ကို ပြိုင်ပွဲနေမှာသိလိုက်ရတယ်လို ပြောပါတယ်။

ပြိုင်ပွဲကရတဲ့ဆုကြေးတွေကို အလျှ အတန်လုပ်သွားမှာဖြစ်ကြောင်း၊ SMS Ooredoo  ကရတဲ့ပိုက်ဆံတွေကိုတော့ အမြန်လမ်းမှာ ရှိတဲ့ မိဘမဲ့ကျောင်းမှာသွားရောက်လျှဒါန်းမည်ဖြစ်ကြောင်း၊ နောက်ထပ် အနုပညာလျောက်လမ်းမှုအတွက် အားတွေဖြစ်ပေါ်နေပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။



Follow us on