1. Home
  2. Special or Others

အိန္ဒိယနိုင်ငံမှာ ကလေးငယ်တဦးဟာ အနီရောင်မျက်လုံး၊ နှာခေါင်းမှာလည်း အပေါက်တွေနဲ့အတူ ပုံပျက်ပန်းပျက် မွေးဖွားလာခဲ့(ရုပ်သံ)

Special or Others ก.ย. 22, 2560 view 1,477

အိန္ဒိယနိုင်ငံမှာ ကလေးငယ်တဦးဟာ အနီရောင်မျက်လုံး၊ နှာခေါင်းမှာလည်း အပေါက်တွေနဲ့အတူ ပုံပျက်ပန်းပျက် မွေးဖွားလာခဲ့လို့ ရွာသားတွေက ဂြိုဟ်သားတဦးအဖြစ် လာရောက်ကြည့်ရှုနေကြပါတယ်။ ဒီကလေးငယ်ဟာ ဥဒါပရာဒေ့ရှ်ပြည်နယ်၊ အာလိဂ်ဂါရ်ဒေသတွင်းက မိသားစုတစုမှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ ပန်းချီဆရာတဦးဖြစ်တဲ့ အာရှက်ဒ်အမည်ရတဲ့ ဖခင်ဖြစ်သူက သားဖြစ်သူကို ဘယ်လိုအခြေအနေနဲ့ ဖြစ်ပါစေ လုံးဝစွန့်ပစ်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ရွာသားတွေကတော့ ထူးဆန်းစွာ မွေးဖွားလာတဲ့ ကလေးငယ်ကို နေအိမ်မှာ လာရောက်ကြည့်ရှုကြတာပါ။ ကလေးငယ်ရဲ့ မိခင်ဖြစ်သူကတော့ သူ့အနေနဲ့ ခုလိုမျိုး မွေးဖွားလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြောင်း ဆိုပါတယ်။

အာရှက်ဒ်က “ဘုရားသခင်က သူ့ကို ကျနော်တို့ဆီ လက်ဆောင်ပေးလိုက်တာပါ။ ကျနော်တို့ ဘယ်တော့မှ စွန့်ပစ်သွားမှာ မဟုတ်ဘူး။ သူအသက်ရှင်သန်နေသမျှ စောင့်ရှောက်သွားမှာပဲ” လို့ ပြောပါတယ်။

ကလေးငယ်ရဲ့ အလေးချိန်ဟာ ၅ ပေါင်လောက်သာရှိပေမယ့် ခြေလက်တွေကတော့ အကောင်းပကတိ အခြေအနေနဲ့ မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ ခရစ်ရှ်မာကတော့ ဒီကလေးဟာ သူ့အတွက် ဒုတိယမြောက် ကလေးဖြစ်ပြီး မနက်ခင်း လင်းအားကြီးအချိန် ၄ နာရီမှာ မွေးဖွားခဲ့တာလို့ ဆိုပါတယ်။ “သားလေးရဲ့ မျက်လုံးတွေက နီရဲပြီး ပြူးကျယ်နေတာ။ သူ ကျမကို ကြည့်လိုက်ချိန်မှာ သူ့ရဲ့နှာခေါင်းက ပြားပြားကြီးနဲ့ နားရွက်တွေလည်း ပါမလာဘူး” လို့ ပြောပါတယ်။ ကလေးငယ်ဟာ လက်ရှိမှာတော့ အသက်ကို ခက်ခက်ခဲခဲ ရှူနေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ သူတို့ဇနီးမောင်နှံမှာ သမီးလေးတဦးတည်းသာ ရှိတာမို့ ခုမွေးဖွားလာခဲ့တဲ့ သားဖြစ်သူကို အသက်ရှည်ရှည်နဲ့ ရှိနေစေချင်တယ်လို့ ပြောပါတယ်။

Credit : #burmese.dvb.no



Follow us on