1. Home
  2. Myanmar News

YBS ပေါ်တွင် တိုင်းလွှတ်တော်အမတ် ငွေ ၁၄ သိန်းကျော် ခါးပိုက်နှိုက်ခံခဲ့ရ

Myanmar News ก.ย. 25, 2560 view 1,556

မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦး စက်တင်ဘာလ ၂၃ ရက်နေ့က YBS ကားပေါ်တွင် ငွေ ၁၄ သိန်းကျော် ခါးပိုက်နှိုက်ခံခဲ့ရကြောင်း သိရှိရသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်သည် ပိုက်ဆံအိတ်ထည့်ထားသော အနက်ရောက် ဘက်အိတ်တစ်လုံးနဲ့အတူ အဆိုပါနေ့ ည ၇ နာရီခန့်အချိန်တွင် မြောက်ဥက္ကလာပ (၂)ဈေး ကားမှတ်တိုင်မှ ခရီးသည်များ ပြည့်ကြပ်နေသော YBS ၁၉ အားစီးနင်းလာစဉ် နေရာမရသဖြင့် မတ်တပ်ရပ်လိုက်ခဲ့ရာမှ ဘက်အိပ်ဇစ်ကိုဖွင့်ကာ အတွင်းရှိ အညိုရောင်ပိုက်ဆံအိတ်ကို ခါးပိုက်နှိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

မြောက်ဥက္ကလာ ဣန္ဒြာမှတ်တိုင်အရောက် အိတ်ဇစ်ပွင့်နေသဖြင့် မသင်္ကာ၍ကြည့်လိုက်ရာ ပိုက်ဆံအိတ်မရှိတော့ကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် YBS ကားမှာလည်း မောင်းထွက်သွားပြီဖြစ်သည်။

ပိုက်ဆ့အိတ်ထဲတွင်  ငွေကျပ် ၁၃ သိန်း၊ ATM ကတ်တစ်ကတ်၊ Samsaung ရွှေဝါရောင် ဖုန်းတစ်လုံး၊ နိုင်ငံသားစိစစ်ရေးကာတ်၊ လွှတ်တော်ကိုယ်စားလှယ်ကတ် စုစုပေါင်းေ၎ သိန်းကျော်ဖိုး ခါးပိုက်နှိုက်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိသော်လည်း ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရန် စုံစမ်းနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်က ပြောကြားသည်။

သတင်း - ဒီမိုကရေစီတူဒေး
 



Follow us on